Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 ထို့ကြောင့်၊ သင်ရို့သည် တခြားလူမျိုးရို့နည်းတူ ဆက်လက်၍ ပြုမူနီထိုင်ခြင်းမပြုကြရန် သခင်ဘုရား၏နာမတော်ကို အမှီပြု၍ ငါ သတိပီးလိုက်၏။ သူရို့၏ အကြံအစည်များကား အလကားဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:17
35 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အကျွန့်မှာ ညီငါးယောက် ဟိပါ၏။ သူရို့သည်လည်း ဝေဒနာခံစားရသော ဤအရပ်သို့ မရောက်စီရန် သူ့ကို သတိပီးခိုင်းလိုက်ပါ’ ဟု တောင်းဆိုလေ၏။


“သင်ရို့သည် ဇာကြောင့် ဤအရာတိကို လုပ်နိန်ကတ်လဲ၊ ငါရို့သည် သင်ရို့ပိုင် လူသားတိရာ ဖြစ်ပါ၏။ ငါရို့သည် သတင်းကောင်းတရားကို ဟောပြောဖို့ ဤနီရာသို့ ရောက်လာခြင်းဖြစ်၏၊ အကြောင်းမှာ သင်ရို့သည် အကျိုးမဟိသော ဤအရာတိကို ဖယ်ယှားပြီးလျင်၊ ကောင်းကင်၊ မြီကြီး၊ ပင်လယ်နှင့်တကွ ခပ်သိမ်းသော အရာတိကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံပါးသို့ ပြောင်းလဲကြစီခြင်းငှာ ဖြစ်ပါ၏။


သိလနှင့် တိမောသေသည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် ယုဒလူမျိုးတိအား ယေသျှုသည် မေသျှိယ ဖြစ်ကြောင်းကို သက်သီခံလျက် မိမိအချိန်အားလုံး၌ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်လေ၏။


ပေတရုသည် အခြားသော စကားများဖြင့် သတိပီးလျက်၊ “သင်ရို့သည် မတရားသောသူရို့၌ ကျရောက်လာမည့် ပြစ်ဒဏ်မှ မိမိကိုယ်ကို ကယ်တင်ကြလော့” ဟု ထိုသူရို့အား တိုက်တွန်းလေ၏။


ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။


ထိုသူရို့သည် ဘုရားသခင်ကို သိကြသော်လည်း ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းမဟိကြသည့်အပြင် ကျေးဇူးတော်ကိုလည်း အသိအမှတ်မပြုကြ၊ အဓိပ္ပာယ်မဟိသော အရာတိကို တွီးတောလျက် သူရို့၏အသိဉာဏ်ကင်းမဲ့သောစိတ်နှလုံးကို အမှောင်ဖုံးလျက်ဟိကြ၏။


သင်ရို့တွင်၊ “ငါကား ပေါလု၏တပည့်ဖြစ်၏။ ငါသည်ကား အာပေါလု၏တပည့်ဖြစ်၏။ ငါသည် ကေဖ၏တပည့်ဖြစ်၏။ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟု တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြသောကြောင့် ငါဆိုလို၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါပြောလိုသည်မှာ လူ့အသွီးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွီခံ၍ မရနိုင်။ ပုပ်ပျက်တတ်သော အရာသည်လည်း မပုပ်မပျက်တတ်သော အဖြစ်ကို မခံမယူနိုင်။


အနည်းချေသော မျိုးစိ့ကို ကြဲသောသူသည် အနည်းချေသာ ရိတ်သိမ်းရလိမ့်မည်။ များစွာသော မျိုးစိ့ကို ကြဲသောသူမူကား များစွာ ရိတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း သိမှတ်ကြလော့။


ငါဆိုလိုသည်ကား ဤသို့ ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူပြီးလျှင် ပဋိညာဉ်ကို စောင့်ထိန်းရန် ကတိထားတော်မူ၏။ အနှစ် ၄၃၀ လွန်ပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်ကို မပယ်ဖျက်နိုင်သကဲ့သို့ ပဋိညာဉ်တော်ကိုလည်း ချိုးဖျက်၍ မရနိုင်။


အရီဖျားလှီးခြင်းကို ခံယူသော သူတိုင်းအား ပညတ်တရား အလုံးစုံကို လိုက်လျှောက်ရန် တာဝန်ဟိသည်ဟု တဖန် ငါသတိပီး၏။


ဘုရားသခင်သည် ခပ်သိမ်းသော အရာကို ခရစ်တော်၏ ခြီဖဝါးတော်အောက်၌ ချထား၍ ကိုယ်တော်အား အသင်းတော်အဖို့ အထွဋ်အထိပ် အသျှင်အဖြစ် ခန့်ထားတော်မူ၏။


ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။


မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊


မည်သူမျှ သင်ရို့အား ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစီခြင်းငှာ ငါသည် ဤသို့ ပြောဆိုခြင်းဖြစ်၏။


ဤကိစ္စတွင် သင်ရို့သည် ညီအစ်ကိုမောင်နှမအချင်းချင်း၌ ပြစ်မှားခြင်း၊ အခွင့်ကောင်းယူခြင်းကို မပြုကတ်ကေ့။ ငါရို့သည် သင်ရို့အား အယင်က ပြောဆိုခသည့်အတိုင်း သခင်ဘုရားသည် ထိုသို့ ပြစ်မှားသောသူရို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်း သင်ရို့အား ပြင်းထန်စွာ သတိပီးလိုက်၏။


သင် ပြုသမျှ၌ ဇာသူ့ကိုမျှ ဘက်လိုက်ခြင်း၊ မျက်နှာသာပီးခြင်း မဟိဘဲ ဤညွှန်ကြားချက်တိကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေသျှု ရှိ့တော်၌ လည်းကောင်း၊ သန့်ယှင်းသော ကောင်းကင်တမန်တိ ရှိ့၌ လည်းကောင်း၊ ငါသည် သင့်အား အလေးအနက် တိုက်တွန်းလိုက်၏။


အရာခပ်သိမ်းအား အသက်ကို ပီးတော်မူသော ဘုရားသခင် ရှိ့၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း ရှိ့၌ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသော ခရစ်တော်ယေသျှု ရှိ့၌ လည်းကောင်း ငါသည် သင့်အား မိန့်မှာလိုက်၏။


ကိုယ်​တော်သည် ပေါ်​ထွန်း၍ နိုင်ငံတော်​ထင်​ရှား​သော​ကာ​လ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊


သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့် အရာမဟုတ်။


အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ