Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 4:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 ထိုသူ၌ ကိုယ်အင်္ဂါ ဟိသမျှရို့သည် တစ်ခုနှင့်တစ်ခု အဆစ်အပိုင်းများဖြင့် ဆက်စပ်လျက် နိန်ကြ၏။ ထို့ကြောင့် ကိုယ်အင်္ဂါ အသီးသီးရို့သည် မိမိရို့သက်ဆိုင်သော အငန်းအတာကို ဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကြီးထွားလျက် မိမိကိုယ်ကိုလည်း မေတ္တာတရား၌ တည်ဆောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 4:16
28 ပူးပေါင်းရင်းမြစ်များ  

“ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။


လူတစ်ယောက်၏ခန္ဓာကိုယ်တွင် အင်္ဂါများစွာ ဟိကြသည်နှင့်အညီ ထိုအင်္ဂါများ၌ ဆောင်ရွက်စရာ လုပ်ငန်းကိုယ်စီ ဟိကြသည့်


အကြောင်းမူကား၊ မုန့်သည် တစ်လုံးတည်းဟိသည်ဖြစ်၍၊ ထိုမုန့်တစ်လုံးတည်းကို ဝီငှ၍ သုံးဆောင်ကြသောကြောင့် ငါရို့သည် အရီအတွက်အားဖြင့် များသော်လည်း ခန္ဓာကိုယ် တစ်ကိုယ်တည်းသာ ဖြစ်ကြ၏။


ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။


ယခု၊ သင်ရို့စာရီး၍ ပီးလိုက်သည့် ရုပ်တုများအား ပူဇော်ထားသော အစားအစာနှင့်ပတ်သက်၍ ငါပြောရသော စကားမူကား၊ ထိုသူရို့ ပြောသည့်အတိုင်း “ငါရို့အားလုံးသည်ပင် အသိပညာ ဟိကြ၏” ဟု ဆိုသောစကားသည် မှန်ပေ၏။ သို့ရာတွင် အသိပညာသည် လူတိကို မာန်မာနထောင်လွှားစီတတ်၏။ မေတ္တာမူကား တည်ဆောက်ခြင်းကို ပြုတတ်၏။


သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊


အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။


ခရစ်တော်အားဖြင့် ငါရို့သည် ကိုယ်တော်၏ ရှိ့တော်၌ အပြစ်ဆိုဖွယ်မဟိဘဲ သန့်ယှင်းသောသူများ ဖြစ်နိုင်စီခြင်းငှာ ကမ္ဘာမတည်ခင်ကပင် ဘုရားသခင်သည် ငါရို့အား ရွီးချယ်ထားတော်မူ၏။ အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


တန်ခိုးတော်၏ပြုပြင်ခြင်းအားဖြင့် ငါ့အား ဘုရားသခင်ပီးသနားတော်မူသော အထူးဆုကျေးဇူးတော်နှင့်အညီ ငါသည် သတင်းကောင်းနှင့်ဆိုင်သော အခိုင်းအစီတစ်ယောက်ဖြစ်လာ၏။


ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။


ယင်းအစား၊ ငါရို့သည် မေတ္တာစိတ်နှင့် သမ္မာတရားကို ပြောကြားခြင်းအားဖြင့် အသင်းတော်၏ဦးဂေါင်း ဖြစ်တော်မူသော ခရစ်တော်၌ အရာရာတွင် ကြီးပွားတိုးတက် ကြရမည်။


သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။


ခန္ဓာကိုယ်၏ ဦးဂေါင်းတည်းဟူသော ခရစ်တော်ကို မှီခိုအားကိုးခြင်း မဟိကြပေ။ ခရစ်တော်၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များဖြင့် ထောက်ပံ့ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရကာ ဘုရားသခင် ဖြစ်ပွါးစီတော်မူသည့်အတိုင်း ကြီးပွားလျက်ဟိ၏။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


သင်ရို့၌ ငါရို့၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသကဲ့သို့ သင်ရို့အချင်းချင်း၌ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ လူအပေါင်းရို့၌ သင်ရို့ထားသော ချစ်ခြင်းမေတ္တာသည် လည်းကောင်း သာ၍ တိုးပွါးလာမည့်အကြောင်း သင်ရို့အား သခင်ဘုရား မစတော်မူပါစီသောဝ်။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။


ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ