ဧဖက် 4:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား14 ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သူရို့၏ တောင်းဆိုချက်ကို မလိုက်လျော့ပါကေ့။ အကြောင်းမူကား ယောကျ်ားအရီအတွက် လေးဆယ်ကျော်သည် ပုန်းကွယ်ချောင်းမြောင်း၍ ပေါလုအား စောင့်ဆိုင်းနိန်ကြပါ၏။ ထိုသူရို့သည် ပေါလုအား အသီမသတ်ရမချင်း အစာမစား၊ ရီမသောက်ဘဲ နီရန် သစ္စာဆိုထားကြ၏။ အဂုတွင် ထိုသူရို့သည် ကိုယ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်၍ အသင့်ဟိနိန်ကြပါ၏” ဟု လျှောက်လေ၏။
သူရို့သည် မိတ်ဖွဲ့စားသောက်ပွဲ၌ အရှက်အကြောက်မဟိဘဲ စားသောက်လျက် သင်ရို့၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစီကြ၏။ ထိုသူရို့ကား ကိုယ်ကျိုးကိုသာ ကြည့်တတ်သူများဖြစ်၏။ သူရို့သည် လီတိုက်ရာသို့ လွင့်ပါလားတတ်သော မိုးရီမပါသည့် မိုးတိမ်နှင့် လည်းကောင်း၊ ဆောင်းဦးပေါက်တွင် အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါသီရသည့် သစ်ပင်နှင့် လည်းကောင်း တူကြ၏။
သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။