Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 3:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 သင်ရို့အကျိုးအတွက် ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်၌ ဤအမှုကို ဆောင်ရွက်ခြင်းငှာ ငါ့အား ပီးအပ်တော်မူသည့် အကြောင်းကို သင်ရို့သည် အမှန်ပင် ကြားသိကြပြီးဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 3:2
27 ပူးပေါင်းရင်းမြစ်များ  

သူရို့သည် အစာယှောင်လျက် သခင်ဘုရားကို ဝတ်ပြုကိုးကွယ်နိန်ကြစဉ်၊ သန့်ယှင်းသော ဝိညာဉ်တော်က “ငါ၏အမှုကို ဆောင်ရွက်ရန် ငါခေါ်ထားသော ဗာနဗနှင့် သျှောလုကို ရွီးချယ်၍ ခန့်အပ်ကြလော့” ဟု သူရို့အား ပြော၏။


ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။


ထိုအခါ၊ သခင်ဘုရားကလည်း၊ ‘လားလော့။ သင့်ကို တခြားလူမျိုးရို့အဖို့ ဝီးသောအရပ်သို့ ငါစီရွှတ်ယာ’ ဟု ငါ့ကို မိန့်တော်မူ၏။”


သို့ရာတွင် သခင်ဘုရားက၊ “လားလော့၊ ဤသူကား ငါ ရွီးချယ်ထားသူဖြစ်ပြီးလျှင် တခြားလူမျိုးတိ၊ သျှင်ဘုရင်တိနှင့် ဣသရေလလူမျိုးတိရှိ့၌ ငါ့နာမကို ထင်ရှားစီမည့်သူ ဖြစ်၏။


ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။


ငါသည် တခြားလူမျိုးတိနှင့်ဆိုင်သော တမန်တော်တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ငါ၏အမှုတော်ဆောင်ခြင်းကို ငါသည် ဂုဏ်ယူလျက်ဟိကြောင်း လူမျိုးခြားဖြစ်သော သင်ရို့ကို ယခု ငါ ပြောလိုက်ပါ၏။


ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့သည် မိမိကိုယ်ကို မိမိ ထင်သင့်သည်ထက် သာလွန်၍ မထင်ဘဲ ဘုရားသခင်ပီးထားသော ယုံကြည်ခြင်း ဟိကြသည့်အတိုင်း ကိုယ့်ကိုယ်ကို စစ်ကြောစီရင်ပြီးမှသာလျှင် မိမိထင်သင့်သလောက်သာ ထင်ကြလော။


ငါရို့သည် ဘုရားသခင်၏ နက်နဲသော သမ္မာတရားတော်ကို စောင့်ထိန်းရသည့် ဘဏ္ဍာထိန်း ကဲ့သို့လည်းကောင်း၊ ခရစ်တော်၏ အခိုင်းအစီများကဲ့သို့လည်းကောင်း ဖြစ်သည်ဟု သင်ရို့ မှတ်ယူသင့်ကြ၏။


ငါသည် ယုဒဘာသာဝင်အဖြစ် အသက်ရှင်နီထိုင်ခစဉ်က ဇာပိုင် ကျင့်ကြံပြုမူခသည်ကို သင်ရို့ ကြားသိကြ၏။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို ဂရုဏာစိတ် မဟိဘဲ ညှည်းပန်းနှိပ်စက်၍ ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားခ၏။


ထိုအကြံအစည်တော်ကား၊ ကာလအချိန်တန်သောအခါ ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသော ခပ်သိမ်းသော ဖန်ဆင်းခံအရာတိကို ခရစ်တော်အောက်၌ ပေါင်းစည်းစီခြင်းငှာ စီမံခန့်ခွဲတော်မူလိမ့်မည်။


တန်ခိုးတော်၏ပြုပြင်ခြင်းအားဖြင့် ငါ့အား ဘုရားသခင်ပီးသနားတော်မူသော အထူးဆုကျေးဇူးတော်နှင့်အညီ ငါသည် သတင်းကောင်းနှင့်ဆိုင်သော အခိုင်းအစီတစ်ယောက်ဖြစ်လာ၏။


ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊


ဘုရားသခင်၏နက်နဲသော အကြံအစည်တော်သည် ဇာပိုင် အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းရို့အား ယှင်းလင်းဖော်ပြစီခြင်းငှာ အခွင့်ထူးကို လည်းကောင်း ငါ့အား ပီးသနားတော်မူ၏။ ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ရှီးကာလ အဆက်ဆက်က ထိုအကြံအစည်တော်ကို ဝှက်ထားတော်မူခ၏။


သင်ရို့သည် ထိုအသျှင်၏ အကြောင်းကို သေချာစွာကြားနာ ရကြပြီး၊ ထိုအသျှင်၏ တပည့်တိအဖြစ်ဖြင့် ယေသျှုထံ၌ သမ္မာတရားတော်အကြောင်းကို သင်ယူခကြ၏။


သို့သော် ခရစ်တော် ချပီးတော်မူသည့်အတိုင်း ငါရို့ တစ်ယောက်စီတိုင်းသည် ထူးမြတ်သော ဆုကျေးဇူးကို ခံရကြပေသည်။


ဇာကြောင့်ဆိုသော် သင်ရို့သည် ခရစ်တော်ယေသျှု၌ သင်ရို့၏ ယုံကြည်ခြင်းကို လည်းကောင်း ဘုရားသခင်၏ လူစုတော်အား ချစ်ကြောင်းကို လည်းကောင်း ငါရို့ ကြားသိရသောကြောင့်ဖြစ်၏။


သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။


ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။


ဤသို့သော ဒဏ္ဍာရီပုံပြင်များနှင့် ရှည်လျားသော ဆွီစဉ်မျိုးဆက်များ အကြောင်း ပြောကြားခြင်းများကို ရပ်တန့်စီလော့။ ထိုအရာများသည် ယုံကြည်ခြင်းဖြင့်သာ သိနိုင်သော ဘုရားသခင်၏အမှုတော်ကို မဆောင်ရွက်နိုင်၊ အငြင်းပွားမှုကိုသာ ဖြစ်စီတတ်၏။


သို့ဖြစ်၍ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို ဟောပြောရန် တမန်တော် တစ်ယောက်အဖြစ်ဖြင့် လည်းကောင်း၊ တခြားလူမျိုးတိကို သွန်သင်သောဆရာ အဖြစ်ဖြင့် လည်းကောင်း ငါ့အား စီရွှတ်ရသည့်အကြောင်း ဖြစ်၏။ ငါသည် မမှန်သောစကားကို ပြောနိန်သည်မဟုတ်၊ မှန်သောစကားကိုသာ ပြောနိန်ခြင်းဖြစ်၏။


ဘုရားသခင်သည် သတင်းကောင်းတရားကို ဟောပြောရန် တမန်တော်တစ်ယောက်အဖြစ် လည်းကောင်း၊ ဆရာတစ်ယောက်အဖြစ်လည်းကောင်း၊ ငါ့အား ခန့်ထားတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ