Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 2:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 2:3
54 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သူရို့သည် ဘဝရပ်တည်နိုင်ဖို့အတွက် စိုးရိမ်ကြောင့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနှင့် အခြားသော ဆန္ဒလိုအပ်ချက်များ ထွက်ပေါ်လာပြီးလျှင် တရားတော်ကို လွှမ်းမိုးသောကြောင့် ထိုသူရို့၌ အသီးမသီးနိုင်ကြ။


ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။


သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။


အတိတ်ကာလ၌ ဘုရားသခင်သည် လူမျိုးအပေါင်းရို့အား မိမိရို့၏နည်းလမ်းအတိုင်း လိုက်လျှောက်ကြရန် အခွင့်ပီးခ၏။


ထို့ကြောင့် ဘုရားသခင်သည် ထိုသူရို့အား မိမိရို့၏ကိလေသာစိတ် ညစ်ညူးခြင်းအမှုကို ပြုခြင်းငှာ စွန့်ပစ်ထားတော်မူ၏။ သို့ဖြစ်၍ သူရို့သည် အချင်းချင်း ရှက်ဖွယ်သော အမှုကို ပြုကြ၏။


သင်ရို့ တခြားလူမျိုးတိသည် အယင်က ဘုရားသခင်၏စကားကို မနာခံကြသော်လည်း ဣသရေလလူမျိုးတိ မနာခံခြင်းကြောင့် ယခုအခါမှာ သင်ရို့သည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားကြရ၏။


အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


အခြားလူမျိုးရို့မှာ ပညတ်တရားဟူ၍ မဟိကြ၊ သို့သော်လည်း သူရို့သည် ဇာအချိန်ခါမဆို မိမိသဘောဖြင့် ပညတ်တရား၏မိန့်မှာချက်များကို ကျင့်ကြသောအခါ သူရို့မှာ ပညတ်တရားမဟိသော်လည်း ထိုပညတ်တရား၏မိန့်မှာချက်များသည် သူရို့၏ ကိုယ်ပိုင်တရား ဖြစ်လာကြ၏။


အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။


သို့ဖြစ်၍ ယခုတွင် ငါရို့သည် ကိုယ်တော်၏ အသွီးတော်ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြပြီဖြစ်၍ ထိုသခင်အားဖြင့် ငါရို့သည် ဘုရားသခင်၏ အမျက်တော်မှ ကယ်တင်ခြင်းကို ခံရလိမ့်မည်။


ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။


ငါ့အထဲ၌ ငါ၏လူ့ဇာတိတွင် ကောင်းသောအရာ တစ်ခုမျှ မဟိသည်ကို ငါ သိ၏။ အကြောင်းမူကား၊ ငါသည် ကောင်းသောအကျင့်ကို ကျင့်ချင်စိတ် ဟိသော်လည်း ကျင့်နိုင်သောအစွမ်း ငါ၌ မဟိ။


ဘုရားသခင်သည်လည်း ဤနည်းတူ ပြုတော်မူ၏။ ကိုယ်တော်သည် မိမိအမျက်တော်ကို ပြချင်၏။ မိမိတန်ခိုးတော်ကို သိမြင်စီချင်၏။ သို့သော်လည်း ဖျက်စီးပစ်ရန် ပျင်ဆင်ထားသော အမျက်တော်ခံအိုးတိကို အလွန်စိတ်ရှည်လျက် သည်းခံတော်မူခ၏။


ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။


ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။


သို့ရာတွင် ယေသျှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်သူတိုင်းအား ကတိတော်ကို ရဟိခံစားစီခြင်းငှာ လောကတစ်ခုလုံးသည် အပြစ်တရား၏ လက်အောက်တွင် ကျရောက်နိန်ကြောင်းကို ကျမ်းစာတော်မြတ်၌ ဖော်ပြထား၏။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။


အယင်က သင်ရို့၏ ဆိုးညစ်သော အကြံအစည် အပြုအမူများကြောင့် ဘုရားသခင်နှင့် ဝီးကွာခကြပြီး ကိုယ်တော်၏ ရန်သူတိ ဖြစ်ခကြ၏။


အစ်ကိုမောင်နှမရို့၊ သင်ရို့သည် မျှော်လင့်ခြင်း ကင်းမဲ့သူများကဲ့သို့ ဝမ်းနည်းကြီကွဲမှု မဖြစ်ကြစီရန် ငါရို့သည် သီလွန်သူများနှင့်ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။


သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။


သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။


အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။


မသိနားမလည်စဉ်အခါက မိမိရို့၏ စိတ်ဆန္ဒဟိသည့်အတိုင်း ပြုမူခသကဲ့သို့ ဆက်လက်မပြုမူဘဲ ဘုရားသခင်၏စကားကို နားထောင်ကြလော့။


သူရို့၏ မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့် ပြည့်ဝလျက် အပြစ်ကျူးလွန်ရာ၌ မရောင့်ရဲနိုင်ကြ။ သူရို့သည် အားနည်းသော သူရို့ကို လှည့်ဖြားကြ၏။ သူရို့၏ စိတ်နှလုံးသည်လည်း လောဘလွန်ကျူးခြင်း၌ ကျင်လည်ကြ၏။ သူရို့သည် ဘုရားသခင်၏ ကျိန်စာသင့်သောသူတိ ဖြစ်ကြ၏။


အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။


အကြောင်းမူကား လောက၌ ဟိသမျှအရာတည်းဟူသော ကိုယ်ကာယ၏ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ ဥစ္စာပစ္စည်း၌ ဝါကြွားခြင်း စသည့်အရာများသည် ခမည်းတော်ထံမှ လာသည် မဟုတ်။ လောကထဲမှ လာခြင်းသာဖြစ်၏။


သို့သော်လည်း သင်ရို့ထံသို့ အဂု ငါရီးလိုက်သောစာသည် အသစ်သော ပညတ်တော်ဖြစ်၏။ ထိုသို့မှန်ကန်သည့် အသစ်သော ပညတ်တော် ဖြစ်ကြောင်းကို ခရစ်တော်၌ လည်းကောင်း၊ သင်ရို့၌ လည်းကောင်း မြင်တွိ့ရ၏။ ဇာကြောင့်ဆိုသော် မှောင်မိုက်သည် ရွိ့လားကွယ်ပျောက်၍ စစ်မှန်သော အလင်းသည် ထွန်းတောက်လျက် ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ