ဧဖက် 2:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား20 သင်ရို့သည်လည်း တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်ထက်တွင် တည်ဆောက်ခြင်းကိုခံရကြ၍၊ ထိုအဆောက်အဦး၏ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကား ခရစ်တော်ယေသျှုပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကို လည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကို လည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကို လည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကို လည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။
ခေါင်းဆောင်တိဖြစ်ကြသည့် ယာကုပ်၊ ပေတရုနှင့် ယောဟန်ရို့က ငါ့အား ဘုရားသခင်ပီးတော်မူသော အခွင့်ထူးကို အသိမှတ်ပြုကြ၏။ ထို့ကြောင့် ငါရို့အားလုံးသည် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည့်အနိန်ဖြင့် သူရို့သည် ဗာနဗနှင့် ငါ့အား လက်ဆွဲနုတ်ဆက်ကြ၏။ သူရို့သည် ယုဒလူမျိုးကြား၌ လည်းကောင်း၊ ဗာနဗနှင့် ငါ့အား တခြားလူမျိုးတိကြား၌ လည်းကောင်း လုပ်ဆောင်ကြရန် ငါရို့သဘောတူကြ၏။