ဧဖက် 2:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား13 သို့ရာတွင် ယခုအခါ သင်ရို့သည် ခရစ်တော်ယေသျှု၌ ဟိကြသည်ဖြစ်၍ တစ်ချိန်က ဝီးကွာလျက် ဟိခကြသော သင်ရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် အပါးတော်သို့ ရောက်ကြရလေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် ယခုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။
ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။