Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 1:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါရို့အား ရက်ရောစွာပီးတော်မူ၏။ ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိပညာအားဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 1:8
17 ပူးပေါင်းရင်းမြစ်များ  

လူသားသည် စားသောက်လျက် လာသောအခါ၌လည်း လူတိုင်းက ‘ကြည့်ကတ်၊ ဤသူသည် အစားကြီးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား၊ အခွန်ကောက်ခံသောသူ၊ အပြစ်သားတိ၏ အပေါင်းအသင်းပါတကား’ ဟု ပြောကြပြန်၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာကို မိမိဖန်ဆင်းထားသော အရာများဖြင့် အမှန်ပင် ဖော်ပြလျက်ဟိ၏။”


ဘုရားသခင်သည် ဉာဏ်တော်အနန္တ၊ ပညာတော်အနန္တနှင့် ပြည့်စုံတော်မူပါ၏တကား။ ကိုယ်တော်၏တရားစီရင်တော်မူချက်တိကို ဇာသူသည် ရှင်းပြနိုင်အံ့နည်း။ ကိုယ်တော်ပြုတော်မူသောအရာများကို ဇာသူသည် နားလည်နိုင်အံ့နည်း။


သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။


ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။


ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။


ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ထိုသို့ ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌ဟိသော အစိုးရသောသူများနှင့် အာဏာပိုင်များသည် ဘုရားသခင်၏ထူးဆန်းသော ဉာဏ်ပညာတော်ကို အဂုအခါ၌ အသင်းတော်အားဖြင့် သိလာကြစီရန် ဖြစ်၏။


ထိုအသျှင်သည် ဝှက်ထားသမျှသော ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည့် ဉာဏ်ပညာနှင့် အသိပညာကို ဖွင့်ပြသော သော့ဖြစ်၏။


ငါရို့၏ ကယ်တင်သျှင်၊ တစ်ဆူတည်းသော ဘုရားသခင်၏ ဘုန်းတန်ခိုး၊ အာနုဘော်တော်၊ အစွမ်းသတ္တိနှင့် အာဏာစက်များသည် ငါရို့၏အသျှင် ယေသျှု ခရစ်တော်အားဖြင့် ရှီးကပ်ကာလမှစ၍ အဂုကာလနှင့် နောင်လာမည့် ကာလအစဉ်အဆက် တည်တော်မူစီသတည်း။ အာမင်။


သူရို့က၊ “အသီသတ်ခြင်းကို ခံရသော သိုးသူငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ ချီးမွမ်းခြင်းများကို ခံထိုက်တော်မူပါ၏” ဟု ကျယ်သောအသံဖြင့် မြွက်ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ