Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 1:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 1:7
67 ပူးပေါင်းရင်းမြစ်များ  

လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


“ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။


သူတစ်ပါးက အကျွန်ရို့ကို ပြုမှားမိသောအပြစ်တိကို အကျွန်ရို့သည် ခွင့်ရွှတ်သကဲ့သို့ အကျွန်ရို့ ပြုမှားမိသော အပြစ်တိကိုလည်း ခွင့်ရွှတ်တော်မူပါ။


ယေသျှုကလည်း “ဤစပျစ်ရည်ကား လူတိအဖို့ သွန်းသော ဘုရားသခင်၏ပဋိညာဉ်တော်ကို တံဆိပ်ခတ်နှိပ်ထားသော ငါ၏အသွီးပင် ဖြစ်၏။


ကိုယ်တော်၏ လူတိကိုလည်း သူရို့၏ အပြစ်မှ ခွင့်ရွှတ်ပြီးလျှင် ကယ်တင်တော်မူမည့်အကြောင်း ပြောကြားရလိမ့်မည်။


နာမတော်ကိုအမှီပြု၍ နောင်တရခြင်းတရားနှင့် အပြစ်လွှတ်ခြင်းတရားတိကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာရို့ကို ဟောပြောရမည်။


“သင်ရို့သည် လူရို့၏အပြစ်ကို လွှတ်လျှင် ထိုသူရို့သည် အပြစ်မှ လွှတ်ခြင်းကို ခံရလိမ့်မည်၊ သင်ရို့သည် လူရို့၏အပြစ်ကို မလွှတ်လျှင် ထိုသူရို့သည်လည်း အပြစ်မှ မလွတ်ကြ” ဟု မိန့်မှာတော်မူ၏။


ထိုသခင်ကို ယုံကြည်သမျှသော သူတိသည် ထိုအသျှင်၏ နာမတော်တန်ခိုးအားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ခြင်းကို ခံရကြလိမ့်မည်ဟု ပရောဖက်တိ အားလုံးက ထိုအသျှင်၏အကြောင်းကို ဟောပြောခကြ၏” ဟု ဆိုလေ၏။


ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။


ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကို လည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။


သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊


သို့တည်းမဟုတ် ဘုရားသခင်၏ မဟာကရုဏာတော်နှင့် သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို မထီမဲ့မြင် ပြုနိန်ပါသလား။ ဘုရားသခင်သည် သင့်ကို နောင်တသို့ သွီးဆောင်နိန်သောကြောင့် ကိုယ်တော်သည် ကရုဏာတော်သျှင် ဖြစ်တော်မူကြောင်းကို သင်သည် အသေအချာ သိကြ၏။


သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။


ဘုရားသခင်သည် ခရစ်တော်ကို ပူဇော်တော်မူ၏။ အကြောင်းမှာ ထိုခရစ်တော်၌ ယုံကြည်ကြသော လူအပေါင်းရို့သည် ကိုယ်တော်၏အသွီး တော်အားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ရန်ဖြစ်၏။ အတိတ်ကာလ၌ ဘုရားသခင်သည် သည်းခံတော်မူသည်ဖြစ်၍ လူတိ အပြစ်များကို မှတ်တော်မမူခပေ။


ထို့ပြင် ဘုရားသခင်သည် မိမိ၏ ဘုန်းတန်ခိုးတော်ကို ခံစားစီခြင်းငှာ ပျင်ဆင်ထားသည့် မိမိ၏ ကရုဏာတော်ကို ခံရကြသော ငါရို့အား မိမိ၏အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ဖော်ပြ လိုတော်မူ၏။


သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။


အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။


ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။


ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကို လည်းကောင်း၊


ငါရို့သည် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်မြတ်နိုးတော်မူသော သားတော်အားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား အခမဲ့ ပီးသနားတော်မူသောကြောင့်ဖြစ်၏။


ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါရို့အား ရက်ရောစွာပီးတော်မူ၏။ ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိပညာအားဖြင့်၊


သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊


ဤသို့ပြုတော်မူခြင်းမှာ နောင်ကာလ၌ ခရစ်တော်ယေသျှုအားဖြင့် ငါရို့အဖို့ ထားတော်မူသော ကရုဏာတော်၌ တုနှိုင်း၍ မမီသော ကိုယ်တော်၏ကျေးဇူးတော်ကို သိမြင်နိုင်ကြစီခြင်းငှာ ဖြစ်၏။


ငါ၏ ဆုတောင်းသော အချက် ဟူမူကား၊ ကိုယ်တော်သည် ဘုန်းတော်နှင့် ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား အတွင်းလူကို ခိုင်ခံ့လာစီခြင်းငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးကို ပီးသနားတော်မူရန် လည်းကောင်း၊


ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊


ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။


ထိုသားတော်အားဖြင့် ငါရို့ကို လွတ်မြောက်စီတော်မူပြီး ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီ။


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


သင်ရို့သည် တစ်ချိန်က သင်ရို့၏အပြစ်များကြောင့် လည်းကောင်း၊ ပညတ်တရားကို မခံယူသော တစ်ပါးအမျိုးသားများ ဖြစ်ခြင်းကြောင့် လည်းကောင်း ဝိညာဉ်ရေးရာ၌ သီဆုံးနိန်သောသူများ ဖြစ်ခကြ၏။ သို့သော် အဂုတွင် ဘုရားသခင်သည် သင်ရို့အား ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ဘုရားသခင်သည် ငါရို့၏ အပြစ်အားလုံးကို ခွင့်ရွှတ်တော်မူ၍၊


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ကိုယ်တော်သည် လူတိုင်းကို ရွီးနုတ်တော်မူရန် မိမိကိုယ်ကို စွန့်ပီးတော်မူ၏။ ဤသည်ကား ကာလအချိန်ရောက်သောအခါ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ရန် အလိုဟိကြောင်း သက်သီပြတော်မူခြင်းပင် ဖြစ်၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။


အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


သားသမီးရို့၊ သင်ရို့သည် ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်း ခံရပြီးသောသူတိ ဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။


ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။


ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။


ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ