Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 1:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ခရစ်တော်အားဖြင့် ငါရို့သည် ကိုယ်တော်၏ ရှိ့တော်၌ အပြစ်ဆိုဖွယ်မဟိဘဲ သန့်ယှင်းသောသူများ ဖြစ်နိုင်စီခြင်းငှာ ကမ္ဘာမတည်ခင်ကပင် ဘုရားသခင်သည် ငါရို့အား ရွီးချယ်ထားတော်မူ၏။ အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 1:4
55 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း ဤနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် တစ်ယောက်လည်း အသက်ရှင်ကတ်လိမ့်မည်မဟုတ်၊ ရွီးကောက်ထားသူတိအတွက် ဤကာလကို တိုတောင်းစီလိမ့်မည်။


အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။


ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။


ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။


သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


လူမျိုးခြားတိက သခင်ဘုရား၏သတင်းစကားကို ကြားသောအခါ သူရို့သည် အလွန်ဝမ်းမြောက်ကြသည်ဖြစ်၍ သခင်ဘုရား၏တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစီခြင်းငှာ ရွီးချယ်ထားသော သူရို့သည်လည်း ယုံကြည်သူများ ဖြစ်လာကြ၏။


ဤကား ရှီးကာလကပင် ဤအရာများကို သိတော်မူသော သခင်ဘုရား၏ မိန့်တော်မူချက် ဖြစ်သတည်း။’


အကြောင်းမူကား ငါသည် သင်နှင့် အတူဟိ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ သင့်ကို ညှည်းဆဲခြင်းငှါ မတတ်နိုင်၊ ဤမြို့၌ ငါ၏လူတိ များစွာ ဟိကြ၏” ဟူ၍ ဖြစ်၏။


ဇာသူသည် ဘုရားသခင် ရွီးချယ်ထားသောသူတိကို အပြစ်ရှာမည်နည်း။ ဖြောင့်မတ်စီတော်မူသောသူသည်ကား ဘုရားသခင် ဖြစ်တော်မူ၏။


ငါရို့ အသျှင်ယေသျှုခရစ်တော်၏ တရားစီရင်တော်မူရာနိ့တွင် သင်ရို့သည် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စီရန် ကိုယ်တော်သည် သင်ရို့အား အဆုံးတိုင်အောင် ခိုင်ခံ့စီတော်မူလိမ့်မည်။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။


သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊


အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။


အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။


ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။


ထိုသို့ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး တင်ခြင်း၊ အစွန်းအကွက် ဖြစ်ခြင်း၊ အရီရှုံ့ခြင်း မဟိဘဲ သန့်ယှင်းပြီး အပြစ်ကင်းစင်လျက် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံစီရန် ဖြစ်၏။


သို့မှသာ သင်ရို့သည် ပျက်စီးယိုယွင်းပြီး ဒုစရိုက်အပြစ်နှင့် ပြည့်နိန်သော လူများ နီထိုင်ရာ ဤလောကတွင် ဘုရားသခင်၏ ပြည့်စုံသော သာသားသမီးများကဲ့သို့ သန့်ယှင်းလျက်၊ အပြစ်နှင့်ကင်းသူများ ဖြစ်ကြလိမ့်မည်။ သင်ရို့သည် ထာဝရအသက်နှင့်ဆိုင်သော တရားတော်ကို ဟောပြောစဉ်၊


သို့ရာတွင် အဂုအခါတွင် ကိုယ်ခန္ဓာ​၌ သား​တော်​ကို အသီခံ​စီ​ခြင်း​အားဖြင့် ဘုရားသခင်သည် သင်ရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ထိုသို့ ပြုတော်မူခြင်းမှာ သန့်ယှင်းစင်ကြယ်စီလျက် အပြစ်ကင်းစီပြီး သင်ရို့အား မိမိ၏ရှိ့တော်မှောက်သို့ ဝင်ရောက်နိုင်ကြစီရန်ဖြစ်သည်။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။


သင်ရို့၌ ငါရို့၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသကဲ့သို့ သင်ရို့အချင်းချင်း၌ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ လူအပေါင်းရို့၌ သင်ရို့ထားသော ချစ်ခြင်းမေတ္တာသည် လည်းကောင်း သာ၍ တိုးပွါးလာမည့်အကြောင်း သင်ရို့အား သခင်ဘုရား မစတော်မူပါစီသောဝ်။


ဘုရားသခင်သည် ငါရို့အား ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူခြင်း မဟုတ်ဘဲ သန့်ယှင်းစွာ အသက်ရှင်နီထိုင်ကြရန် ခေါ်တော်မူခြင်းဖြစ်၏။


ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။


ငါ ချစ်သော ညီအစ်ကို မောင်နှရို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောက၌ ဆင်းရဲသာသူရို့ကို ယုံကြည်ခြင်း အားကြီးသောသူများ ဖြစ်စီခြင်းငှာ လည်းကောင်း၊ ကိုယ်တော့်ကို ချစ်သောသူတိအား ကတိထားတော်မူခသော နိုင်ငံတော်ကို အမွီခံကြစီခြင်းငှာ လည်းကောင်း ရွီးကောက်တော်မူသည် မဟုတ်လော။


ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။


ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော်အား ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


သို့ဖြစ်၍ အဆွီရို့၊ သင်ရို့သည် ထိုနိ့ရက်ကို စောင့်မျှော်နိန်ကြစဉ် သန့်ယှင်းစင်ကြယ်ခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏ရှိ့တော်၌ အပြစ်ကင်းစင်စီခြင်းငှာ လည်းကောင်း ကိုယ်တော်နှင့် ငြိမ်းချမ်းမှုရစီခြင်းငှာ လည်းကောင်း အကောင်းဆုံး ကြိုးစားကြလော့။


ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း ယခု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ ယခု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ