23 ထိုအသင်းတော်ကား ခပ်သိမ်းသောနီရာ၌ အလုံးစုံတိကို ပြည့်စုံစီတော်မူသော ခရစ်တော်၏ ကိုယ်ခန္ဓာပင်ဖြစ်သတည်း။
ထိုသူသည် ကျေးဇူးတော်နှင့် ပြည့်စုံသည်ဖြစ်၍ ငါရို့အား ကောင်းကြီးတစ်ခုပြီးတစ်ခု ပီးတော်မူ၏။
သို့ကြောင့် ဘုရားသခင်၏အပြစ်စီရင်ခြင်းကို ကြောက်၍သာ မဟုတ်ဘဲ၊ မိမိရို့၏အသိစိတ်ဖြင့် အုပ်ချုပ်သောသူရို့၏ အမိန့်အာဏာများကို နာခံကြရမည်။
အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုးဟိသော်လည်း လူအသီးသီး၌ ဟိသောစွမ်းရည်များကို ပီးတော်မူသော ဘုရားသခင် တစ်ပါးတည်းသာဟိ၏။
သို့ရာတွင် ခပ်သိမ်းသောအရာများကို ခရစ်တော်၏ အုပ်စိုးခြင်းအောက်၌ ချထားသောအခါ၊ သားတော်ဖြစ်သော ခရစ်တော်ကိုယ်တိုင်ပင် ခပ်သိမ်းသောအရာကို မိမိခြီဖဝါးတော်အောက်၌ ချထားတော်မူသော ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် ခမ်းသိမ်းသောအရာများကို ပြည့်ဝစုံလင်စွာ အုပ်စိုးတော်မူလိမ့်မည်။
ခရစ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူခြင်းဖြင့် သူရို့၏မုန်းတီးခြင်းကို ဖယ်ယှားပြီးလျှင် လက်ဝါးကပ်တိုင်အားဖြင့် လူမျိုးစုနှစ်စုကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ပြန်လည်သင့်မြတ်စီလျက် ဘုရားသခင်၏အထံတော်သို့ ပြန်လည်ပို့ဆောင်တော်မူ၏။
ထိုသို့ ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌ဟိသော အစိုးရသောသူများနှင့် အာဏာပိုင်များသည် ဘုရားသခင်၏ထူးဆန်းသော ဉာဏ်ပညာတော်ကို အဂုအခါ၌ အသင်းတော်အားဖြင့် သိလာကြစီရန် ဖြစ်၏။
ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါဆုတောင်း၏။
ထို့ကြောင့် ဆင်းသက်တော်မူသောသူသည်ကား စကြဝဠာတစ်ခုလုံးကို မိမိ၏မျက်မှောက်တော်၌ ဟိစီခြင်းငှာ ကောင်းကင်အထက်ရပ်သို့ ကြွတော်မူသော သူပင် ဖြစ်ပေ၏။
ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။
ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။
ဘုရားသခင်သည် သင်ရို့အား မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာ တစ်ပါး၊ ဝိညာဉ်တော် တစ်ပါးတည်း ဟိတော်မူ၏။
အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။
ခန္ဓာကိုယ်၏ ဦးဂေါင်းတည်းဟူသော ခရစ်တော်ကို မှီခိုအားကိုးခြင်း မဟိကြပေ။ ခရစ်တော်၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များဖြင့် ထောက်ပံ့ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရကာ ဘုရားသခင် ဖြစ်ပွါးစီတော်မူသည့်အတိုင်း ကြီးပွားလျက်ဟိ၏။
ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန်မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။
သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။