ဧဖက် 1:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား20 ခရစ်တော်ကို သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူ၍ ကောင်းကင်ဘုံတွင် မိမိ၏လက်ျာဖက်၌ ထိုင်စီတော်မူသောအခါ ကိုယ်တော်အသုံးပြုတော်မူခသော တန်ခိုးတော်ပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။
ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊