ဧဖက် 1:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား13 သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အာဗြဟံသည် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူခ၏။ ထို့ကြောင့် အရီဖျားလှီးခြင်းသည်ကား ယုံကြည်ခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်၏။ ထို့အပြင် အာဗြဟံသည် အရီဖျားလှီးခြင်းမခံယူဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သောသူ ဖြစ်လာသောသူအားလုံး၏ဖခင် ဖြစ်လေ၏။
ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။