Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဖက် 1:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဖက် 1:11
40 ပူးပေါင်းရင်းမြစ်များ  

လူမျိုးခြားတိက သခင်ဘုရား၏သတင်းစကားကို ကြားသောအခါ သူရို့သည် အလွန်ဝမ်းမြောက်ကြသည်ဖြစ်၍ သခင်ဘုရား၏တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစီခြင်းငှာ ရွီးချယ်ထားသော သူရို့သည်လည်း ယုံကြည်သူများ ဖြစ်လာကြ၏။


ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။


အကြောင်းမူကား၊ ငါသည် တွန့်ဆုတ်ခြင်းမဟိဘဲ သင်ရို့အား ဘုရားသခင်၏အကြံအစည်ကို အကုန်အစင် ဟောပြောကြေငြာရန်ဖြစ်၏။


“အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


ထိုသူရို့ စုဝေးကြခြင်းမှာ ကိုယ်တော်သျှင်၏ တန်ခိုးတော်နှင့် အလိုတော်အရ ခွဲခန့်မှတ်သားသော အရာများကို ဖြစ်ပျက်လာစီရန် လုပ်ဆောင်ခြင်းဖြစ်၏။


ကျမ်းစာလာသည်ကား၊ “ထာဝရဘုရား၏စိတ်တော်ကို ဇာသူ သိသနည်း။ ဘုရားသခင်ကို အကြံဉာဏ် ပီးခြင်းငှာ ဇာသူ တတ်နိုင်ပါအံ့နည်း။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။


ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။


များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။


ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။


သို့ရာတွင် ဘုရားသခင် ရွီးချယ်ထားသော သားတစ်ယောက်သာ ဘုရားသခင်၏ အလိုတော်နှင့် ဆိုင်၏။ “သားကြီးသည် သားငယ်၌ ကျွန်ခံရလိမ့်မည်” ဟု ထိုမိန်းမအား ဘုရားသခင် ဗျာဒိတ် ပီးထားတော်မူ၏။ သူရို့ကို မမွီးဖွားခင်၊ ထိုသားတိသည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်ခင်ကပင် ဘုရားသခင်က ဤသို့ မိန့်တော်မူထားပြီး ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ရွီးကောက်တော်မူခြင်းသည် ခေါ်တော်မူခြင်းနှင့်သာ ဆိုင်၏၊ သူရို့၏အကျင့်နှင့် မဆိုင်။


အကယ်၍ ဘုရားသခင်၏ အမွီတော်သည် ပညတ်တရား၌ တည်နိန်လျှင် ထို အမွီတော်သည် ဘုရားသခင်၏ ကတိတော်၌ မတည်တော့ပေ။ သို့ရာတွင် ဘုရားသခင်သည် အာဗြဟံအား ထို အမွီတော်ကို ကတိတော်အားဖြင့် ပီးတော်မူခ၏။


ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။


ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကို လည်းကောင်း၊


ဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် ငါရို့ကို မိမိ၏သားသမီးများ ဖြစ်စီခြင်းငှာ ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤကား ကိုယ်တော်၏ အလိုတော်နှင့် အကြံအစည်တော်ပင်ဖြစ်၏။


ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါရို့အား ရက်ရောစွာပီးတော်မူ၏။ ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိပညာအားဖြင့်၊


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ဘုရားသခင်သည် မိမိ၏ထာဝရ အကြံအစည်တော်နှင့်အညီ ငါရို့၏ အသျှင် ခရစ်တော်ယေသျှုအားဖြင့် ပြီးမြောက်စီတော်မူ၏။


ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။


သင်ရို့သည် ဆုလာဘ်အဖြစ် သခင်ဘုရားထံပါးက အမွီတော်ကို ရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။ အကြောင်းမူကား သင်ရို့သည် ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက် နိန်ကြသောကြောင့် ဖြစ်၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။


ဘုရားသခင်က မိမိ၏ အကြံအစည်တော်သည် ဇာခါမျှ ပြောင်းလဲတော်မမူကြောင်းကို မိမိ၏ကတိတော်ကို အမွီခံကြရမည့်သူတိအား ယှင်းလင်းစွာ သိစီလိုသည်ဖြစ်၍ ကျိန်ဆိုခြင်းဖြင့် ကတိတော်ကို ခိုင်မြဲစီ၏။


ငါ ချစ်သော ညီအစ်ကို မောင်နှရို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောက၌ ဆင်းရဲသာသူရို့ကို ယုံကြည်ခြင်း အားကြီးသောသူများ ဖြစ်စီခြင်းငှာ လည်းကောင်း၊ ကိုယ်တော့်ကို ချစ်သောသူတိအား ကတိထားတော်မူခသော နိုင်ငံတော်ကို အမွီခံကြစီခြင်းငှာ လည်းကောင်း ရွီးကောက်တော်မူသည် မဟုတ်လော။


ကိုယ်တော်၏ လူစုတော်အတွက် ဘုရားသခင် လျာထားတော်မူသော ချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် ငါရို့ မျှော်မှန်းလျက် ဟိကြ၏။ ကိုယ်တော်သည် ထိုချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ယိုယွင်း၊ ပျက်စီး၊ မှေးမှိန်၍ မလားနိုင်သော ကောင်းကင်ဘုံတွင် သင်ရို့အဖို့ သိုထားလျက်ဟိ၏။


အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ