ဧဖက် 1:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား10 ထိုအကြံအစည်တော်ကား၊ ကာလအချိန်တန်သောအခါ ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသော ခပ်သိမ်းသော ဖန်ဆင်းခံအရာတိကို ခရစ်တော်အောက်၌ ပေါင်းစည်းစီခြင်းငှာ စီမံခန့်ခွဲတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။