25 မတရားသောအမှုကို ပြုသောသူသည် မိမိပြုသော မတရားမှု၏အကျိုးကို ခံစားကြရလိမ့်မည်။ သို့ဖြစ်၍ မျက်နှာသာ ပီးခြင်းကို ဇာသူလေ့ မခံရ။
အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
သူလျှိုတိက၊ “ဆရာ၊ ဆရာ ဟောပြောသွန်သင်တော်မူသော အရာအားလုံး မှန်ကန်ကြောင်းကို အကျွန်ရို့သိပါ၏။ ဆရာသည် လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဖြောင့်မတ်စွာ သွန်သင်တတ်ပါ၏။
ပေတရုက စတင်၍ ဟောပြောသည်မှာ၊ “အကယ်စင်စစ် ဘုရားသခင်သည် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူ ဆက်ဆံတော်မူကြောင်းကို အကျွန်သည် ယခုမှ သဘောပေါက်လာ၏။
အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို တန်းတူထား၍ တရားစီရင်တော်မူ၏။
မည်သို့ပင်ဖြစ်စီ ငါရို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏ တရားပလ္လင်ရှိ့သို့ ရောက်ရမည် ဖြစ်၏။ ငါရို့၏ခန္ဓာ အသက်ရှင်နိန်စဉ်က ပြုမူခသည့် ကောင်းမှု၊ မကောင်းမှုများအတွက် ထိုက်တန်သော အကျိုးအပြစ်ကို လူတိုင်း ခံရကြလိမ့်မည်။
ကျွန်ဖြစ်စီ၊ လွတ်လပ်သူဖြစ်စီ၊ ဇာသူမဆို မိမိပြုသည့် ကောင်းမှုအတွက် သခင်ဘုရားထံမှ ဆုလာဒ်ကို ရလိမ့်မည်ဟု သိမှတ်ကြလော့။
ထိုနည်းတူ သခင်ရို့၊ သင်ရို့၏ကျွန်တိကို ခြိမ်းခြောက်မှု မပြုဘဲ၊ သင်ရို့နှင့် သင်ရို့၏ ကျွန်တိ၌ ကောင်းကင်ဘုံတွင် အသျှင်တစ်ပါးတည်းသာ ဟိကြောင်းကို လည်းကောင်း၊ ထိုသခင်သည် မျက်နှာလိုက်တော်မမူကြောင်းကို လည်းကောင်း သတိရကြလော့။
သခင်ရို့၊ သင်ရို့သည်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးတည်းသာ ဟိကြောင်းကို သိမှတ်လျက် မိမိရို့၏ ကျွန်တိကို တရားမျှတစွာ ပြုမူဆက်ဆံကြလော့။
ဤကိစ္စတွင် သင်ရို့သည် ညီအစ်ကိုမောင်နှမအချင်းချင်း၌ ပြစ်မှားခြင်း၊ အခွင့်ကောင်းယူခြင်းကို မပြုကတ်ကေ့။ ငါရို့သည် သင်ရို့အား အယင်က ပြောဆိုခသည့်အတိုင်း သခင်ဘုရားသည် ထိုသို့ ပြစ်မှားသောသူရို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်း သင်ရို့အား ပြင်းထန်စွာ သတိပီးလိုက်၏။
ဘုရားသခင်သည် ဖြောင့်မတ်စွာ စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည့်အတိုင်း သင်ရို့ကို ဒုက္ခရောက်စီသော သူရို့အား ဒုက္ခ ရောက်စီတော်မူလိမ့်မည်။
အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာ ပြစ်မှားမိခသော်လည်းကောင်း၊ တစ်စုံတစ်ရာ အကြွီးပီးစရာ ဟိခသော်လည်းကောင်း ငါသည် တာဝန်ယူ၏။
ကောင်းကင်တမန်ရို့က ငါရို့အဖိုး အဖီးရို့အား ပီးခသော ဗျာဒိတ်တော်သည် မှန်ကန်သည်ဖြစ်၍ ထိုဗျာဒိတ်တော်ကို ငြင်းပယ်သောသူ သို့မဟုတ် မလိုက်နာသောသူရို့သည် ထိုက်တန်သော အပြစ်စီရင်ခြင်းကို ခံကြရသည်ဖြစ်၍
လူအပေါင်းရို့အား မျက်နှာမလိုက်ဘဲ မိမိရို့၏ ပြုကျင့်အတိုင်း တရားစီရင်တော်မူတတ်သော ဘုရားသခင်ထံသို့ ဆုတောင်းကြသောအခါ သင်ရို့သည် ကိုယ်တော်အား အဖဟု ခေါ်လျက် ဆုတောင်းကြ၏။ သို့ဖြစ်၍ ဤလောကတွင် အသက်ရှင်သမျှကာလပတ်လုံး ထိုဘုရားသခင်အား ကြောက်ရွံ့ရိုသီကြလော့။
ဤလူအပေါင်းရို့သည် အစဉ်မလပ် ညည်းတွားတတ်သောသူ၊ သူတစ်ပါးအား အပြစ်တင်တတ်သောသူတိ ဖြစ်ကြပြီး၊ မိမိရို့ ဆိုးညစ်သော စိတ်ဆန္ဒအတိုင်း လျှောက်လှမ်း တတ်ကြ၏။ မိမိရို့အကြောင်းကိုလည်း ကြွားဝါတတ်ကြပြီး မိမိကိုယ်ကျိုးအတွက် သူတစ်ပါးရို့အား မြှောက်ပင့်ပြောဆို တတ်ကြ၏။