ကောလောသဲ 3:24 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား24 သင်ရို့သည် ဆုလာဘ်အဖြစ် သခင်ဘုရားထံပါးက အမွီတော်ကို ရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။ အကြောင်းမူကား သင်ရို့သည် ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက် နိန်ကြသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
မိမိကိုယ်ကို ချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊
ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်စိ့စပ်ပီးသူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။