Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 3:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 မည်သည့်အမှုကိုမဆို လုပ်ဆောင်ကြရာ၌ လူ့သခင်ရို့အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက် ဆောင်ရွက်သကဲ့သို့ စိတ်နှလုံးပါလျက် လုပ်ဆောင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 3:23
18 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့သည် အစာယှောင်ကြသည့်အခါ သူတော်ကောင်းယောင်ဆောင်သောသူတိကဲ့သို့ မျက်နှာညှိုးငယ်ခြင်း မဟိကတ်ကေ့၊ ထိုသူရို့သည် သူရို့အစာယှောင်သည်ကို လူတိုင်းမြင်ကြစီရန် သူရို့၏သရုပ်မှန်ကို ကွယ်ဝှက်ထားတတ်ကြ၏။ ငါ အမှန်ဆိုသည်ကား သူရို့သည် မိမိရို့၏အကျိုးကို ခံစားရပြီးဖြစ်၏။


နိ့ရက် တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်သောသူသည် အသျှင်ဘုရားကို ရိုသီသောအားဖြင့် ထင်မှတ်ကတ်။ မည်သည့်အစားအစာကိုမဆို စားမည့်သူရို့သည်လည်း အသျှင်ဘုရားကို ရိုသီသောအားဖြင့် စားကတ်။ အကြောင်းမူကား သူရို့သည် ထိုအစားအစာအတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ မစားသောသူသည်လည်း အသျှင်ဘုရားကို ရိုသီသောစိတ်ဖြင့် မစားကတ်ကေ့။ သူရို့သည်လည်း ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။


အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်ကြ၏။ အသက်သီလျှင် သခင်ဘုရား အတွက် သီကြ၏။ ထို့ကြောင့် ငါရို့သည် အသက်ရှင်ခြင်းဖြစ်စီ၊ သီခြင်းဖြစ်စီ သခင်ဘုရားနှင့်သာ ဆိုင်တော်မူ၏။


မယားဖြစ်သူရို့၊ သင်ရို့သည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မိမိ၏ လင်ယောက်ျားရို့ အုပ်စိုးခြင်းကို ခံယူကြလော့။


စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ လူသားနှင့်စပ်ဆိုင်၍ စီရင်အုပ်စိုးခြင်းတည်းဟူသော အထွတ်အမြတ်ဖြစ်သော ဧကရာဇ်​မင်းကို လည်းကောင်း၊


သင်ရို့သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် လူမိုက်ရို့၏ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုမှုကို ရပ်တန့်စီရန် ဘုရားသခင် အလိုဟိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ