ကောလောသဲ 3:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုမောင်နှမရို့၊ ငါဆိုသည်ကား ကိုးကွယ်ဝတ်ပြုခြင်းငှာ သင်ရို့ စုဝေးကြသောအခါ တစ်ယောက်သောသူက တေးဆိုခြင်း၊ တစ်ယောက်သောသူက သွန်သင်ခြင်း၊ တစ်ယောက်သောသူကား ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ပြန်ကြားခြင်း၊ တစ်ယောက်သောသူက အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ တစ်ယောက်သောသူက ထိုဘာသာစကားများ၏ အနက်အဓိပ္ပာယ်ကို ဖော်ပြခြင်းတိပင် ဖြစ်၏။ သင်ရို့ဆောင်ရွက်သမျှသော အမှုအရာများသည် အသင်းတော်ကို တည်ဆောက်ခြင်းငှာ ဖြစ်ရမည်။
သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။
သားသမီးရို့၊ သင်ရို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် ခွန်အားဟိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်ရို့၌ တည်သဖြင့် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။
ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။