Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 3:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန်မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 3:11
54 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း၊ “ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။


“ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။


သူရို့သည် တစ်လုံးတစ်ဝတည်း၌ စုံလင်ကြစီရန် ကိုယ်တော်သည် အကျွန်၌ ဟိတော်မူ၍ အကျွန်သည်လည်း သူရို့၌ ဟိတော်မူပါ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသကဲ့သို့ သူရို့ကိုလည်း ချစ်တော်မူကြောင်းကို လည်းကောင်း ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို လည်းကောင်း လောကသားတိ သိကြပါလိမ့်မည်။


ပြီးနောက် လူမျိုးအားလုံး ငါ့ပါးသို့ လာကြလိမ့်မည်။ ငါခေါ်ထားသော တခြားလူမျိုးတိအားလုံးသည် ငါ၏လူတိ ဖြစ်လာကြလိမ့်မည်။


ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။


ထိုအခါ ကျွန်းသားရို့က ပေါလုလက်၌ မြွီတွယ်တက်နိန်သည်ကို မြင်လျှင် “ဤသူသည် လူသတ်သမားဖြစ်မည်။ ပင်လယ်၌ အသက်ဘေးမှ လွတ်မြောက်လာသော်လည်း၊ ကံတရားက သူ့အား အသက်ရှင်ခြင်းငှာ အခွင့်မပီး” ဟု အချင်းချင်း ပြောဆိုကြ၏။


အကြောင်းမူကား လူယဉ်ကျေးဖြစ်စီ၊ လူရိုင်းဖြစ်စီ၊ ပညာဟိဖြစ်စီ၊ ပညာမဲ့ဖြစ်စီ၊ လူသားအားလုံးအတွက် ငါမှာ တာဝန်ဟိ၏။


ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။


ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။


တဖန် ဘုရားသခင်သည် ယုဒလူမျိုးတိ ဘုရားမျှသာ ဖြစ်တော်မူသလော၊ တခြားလူမျိုးတိ ဘုရား မဟုတ်ပါလော၊ အမှန်မှာ လူသားအားလုံး၏ဘုရား ဖြစ်တော်မူ၏။


ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။


သို့ရာတွင် ငါမသိသော ဘာသာစကားကို ပြောဆိုသောသူသည် ငါ့အဖို့ တခြားလူမျိုုးဖြစ်၏။ ငါသည်လည်း ထိုသူအဖို့ တခြားလူမျိုးဖြစ်ပေမည်။


အရီဖျားလှီးခြင်း ခံယူသည် မခံယူသည်မှာ အဓိကမဟုတ်ပေ။ ဘုရားသခင်၏ ပညတ်ချက်များကို နာခံလိုက်လျှောက်ခြင်းသာ အဓိကဖြစ်၏။


ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။


အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။


ထိုအသင်းတော်ကား ခပ်သိမ်းသောနီရာ၌ အလုံးစုံတိကို ပြည့်စုံစီတော်မူသော ခရစ်တော်၏ ကိုယ်ခန္ဓာပင်ဖြစ်သတည်း။


အကြောင်းမူကား ခရစ်တော်သည် ယုဒလူမျိုးနှင့် တခြားလူမျိုးတိကို လူမျိုးတစ်မျိုးတည်း ဖြစ်စီတော်မူလျက် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူ၏။ ငါရို့ကို ရန်သူများအဖြစ် စည်းတားထားသည့် တံတိုင်းကို မိမိ၏ကိုယ်ခန္ဓာတော်အားဖြင့် ဖြိုဖျက်တော်မူ၏။


ကိုယ်တော်သည် ယုဒပညတ်တရားနှင့် စည်းမျဉ်းဥပဒေများကို ပယ်ဖျက်တော်မူသဖြင့် လူမျိုးနှစ်မျိုးကို မိမိ၌ အသစ်သော လူမျိုးတစ်မျိုးကို ဖြစ်စီတော်မူ၏။ ဤနည်း အားဖြင့် ရန်ကို ငြိမ်းစီတော်မူ၏။


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


ထိုနက်နဲသော အရာကား သတင်းကောင်းအားဖြင့် တခြားလူမျိုးရို့သည် ယုဒလူမျိုးရို့နှင့်အတူ ခန္ဓာတစ်ခုတည်း၏ အင်္ဂါများဖြစ်ကြ၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အမွီခံရ ပြီးလျှင် ခရစ်တော်ယေသျှုအားဖြင့် ကတိတော်ကို ဆက်ဆံခွင့်ရကြ၏။


ကျွန်ဖြစ်စီ၊ လွတ်လပ်သူဖြစ်စီ၊ ဇာသူမဆို မိမိပြုသည့် ကောင်းမှုအတွက် သခင်ဘုရားထံမှ ဆုလာဒ်ကို ရလိမ့်မည်ဟု သိမှတ်ကြလော့။


သင်ရို့သည် ခရစ်တော်၌ ပြည့်စုံသောအသက်ကို ရဟိကြ၏။ ထိုအသျှင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ခပ်သိမ်းသော တန်ခိုးသျှင်များနှင့် အာဏာပိုင်များကို အစိုးရတော်မူ၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကို လည်းကောင်း၊ သားတော်ကို လည်းကောင်း ရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ