Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 3:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 3:10
33 ပူးပေါင်းရင်းမြစ်များ  

ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်းဖြစ်၏။


သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။


ညဉ့်အချိန် ကုန်ခါနီး၍ နိ့အချိန် ရောက်ခါနီးပြီဖြစ်သောကြောင့် မှောင်မိုက်ထဲမှာ ကျင့်သောအကျင့်တိကို ဖယ်ယှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ကြကုန်အံ့။


အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။


များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


ဤအကြောင်းကြောင့် ငါရို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျော့ခြင်း မဟိကြ။ ငါရို့၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသော်လည်း ငါရို့၏ ဝိညာဉ်မူကား တစ်နိ့ထက်တစ်နိ့ အသစ်ပြုပြင်ခြင်းကို ခံရကြ၏။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။


ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။


လူတစ်စုံတစ်ယောက်သည် အရီဖျားလှီးခြင်း ခံသည် မခံသည်မှာ အရေးမကြီး။ အသစ်ဖန်ဆင်း ခံရခြင်းသာလျှင် အရေးကြီး၏။


အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။


ကိုယ်တော်သည် ယုဒပညတ်တရားနှင့် စည်းမျဉ်းဥပဒေများကို ပယ်ဖျက်တော်မူသဖြင့် လူမျိုးနှစ်မျိုးကို မိမိ၌ အသစ်သော လူမျိုးတစ်မျိုးကို ဖြစ်စီတော်မူ၏။ ဤနည်း အားဖြင့် ရန်ကို ငြိမ်းစီတော်မူ၏။


သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။


ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။


ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါရို့ခံစားရသည့် ကောင်းကြီးမင်္ဂလာအပေါင်းကို သာ၍နက်နဲစွာ သိနားလည်နိုင်ကြရန် ငါဆုတောင်း၏။


သို့သော်လည်း သူရို့သည် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလေပြီတကား။ သူရို့သည် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ တဖန် တင်၍ သတ်လျက် လူအများတိရှိ့မှာ အရှက်ခွဲနိန်ကြသည်ဖြစ်၍ သူရို့အတွက် နောင်တတရားဟူ၍ မဟိယာ။


ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။


သို့ရာတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အမှန်ပင် ပြည့်စုံ၏။ ဤသို့ဖြင့် ငါရို့သည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းကို သေချာစွာ သိကြ၏။


ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “ယခုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ