Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 2:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည်မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 2:8
38 ပူးပေါင်းရင်းမြစ်များ  

သတိထားကတ်ပါ၊ သင်ရို့ကို ဖမ်းဆီး၍ တရားရုံးသို့ အပ်နှံကြလိမ့်မည်၊ ထိုသူရို့သည် တရားဇရပ်များထဲ၌ သင်ရို့အား သတ်ပုတ်ကြလိမ့်မည်။


ယေသျှုက တပည့်တော်ရို့အား “သင်ရို့သည် ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ တဆီးကို အထူး သတိထားကြလော့” ဟု မိန့်တော်မူ၏။


“မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။


ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။


သူရို့သည် ပေါလုပြောသည့် အသီခံခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားလျှင် အချို့က ပေါလုကို လှောင်ပြောင်သရော်ကြ၏။ အချို့က “သင်ပြောသည့် အကြောင်းအရာတိကို နောက်တစ်ခါ အကျွန်ရို့ နားထောင်ချင်သိမ့်၏” ဟု ဆိုကြ၏။


ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့ ခံယူထားသော သြဝါဒတိနှင့် ဆန့်ကျင်လျက် ယုံကြည်ခြင်းကို လွဲမှားစီပြီးလျှင် စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လျက်ဟိကြသော သူရို့ကို သတိထားကြလော့။ ထိုသို့သော သူရို့ကို ယှောင်ယှားကြရန် သင်ရို့ကို ငါ တိုက်တွန်းနှိုးဆော်၏။


သင်သည် ခိုင်ခံ့စွာရပ်တည်လျက် နိန်သည်ဟု ထင်လျှင် မယိုင်မလဲစီခြင်းငှာ ကောင်းစွာသတိပြုလော။


သို့ရာတွင် ဤသို့ သင်ရို့၏ လွတ်လပ်စွာ စားသောက်ခြင်းသည် ယုံကြည်ခြင်း အားနည်းသောသူများအဖို့ လွဲမှားစရာ မဖြစ်စီခြင်းငှာ သတိပြုကြလော့။


ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။


ယုဒဘာသာတရားကို လက်တွိ့ကျင့်သုံးရာတွင် ငါသည် မိမိနှင့်သက်တူရွယ်တူ ယုဒလူမျိုးရို့ကို ဦးဆောင်ခပြီးလျှင် ငါရို့အဖိုးအဖီးရို့၏ ထုံးတမ်းစဉ်လာတိကိုလည်း အလွန်စိတ်အားထက်သန်ခ၏။


ထိုနည်းတူ ငါရို့သည်လည်း ဝိညာဉ်ရေးရာ၌ မရင့်ကျက်ခင်အခါက လောကကိုအုပ်စိုးသော ဝိညာဉ်တရားအောက်တွင် ကျွန်ဖြစ်ကြ၏။


သို့သော် အဂုမူကား သင်ရို့သည် ဘုရားသခင်ကို သိကြ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သင်ရို့အား သိတော်မူယာဟု ငါဆို၏။ သို့ဖြစ်၍ အားနည်း၍ ချမ်းသာမပီးနိုင်သော လောကီတရားဖက်သို့ ဇာကြောင့် ပြန်လှည့်၍ ကျွန်ခံလိုကြသနည်း။


သို့ရာတွင် အချင်းချင်း ကိုက်စားနိန်ကြလျှင် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်း သတိပြုကြလော။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


ထိုအရာသည်ကား သင်ရို့ သင်ယူခကြသည့် ခရစ်တော်၏ လမ်းစဉ်မဟုတ်။


အကျိုးမဟိသောစကားဖြင့် ဇာသူလေ့ သင်ရို့ကို မလှည့်ဖျားစီကေ့။ ထိုအမှုများဖြင့် ဘုရားသခင်ကို မနာခံသောသူရို့သည် ထိုအသျှင်၏ အမျက်တော် သင့်ခြင်းကို ခံရကြလိမ့်မည်။


ခွီးကဲ့သို့သောသူ၊ အကျင့်ဆိုးကို ကျင့်သောသူ၊ ကိုယ်အင်္ဂါကို လှီးဖြတ်ရမည်ဟု ဆိုသောသူရို့အား သတိနှင့် ယှောင်ကြလော့။


မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊


သင်ရို့သည် ခရစ်တော်နှင့်အတူ သီဆုံးလားပြီဖြစ်၍ ဤစကြာဝဠာဆိုင်ရာ ဝိညာဉ်များ၏ အုပ်စိုးခြင်းမှ လွတ်မြောက်လျက်ဟိ၏။ သို့ဖြစ်ပါလျက် သင်ရို့သည် လောကီသားတိကဲ့သို့ ဇာကြောင့် အသက်ရှင်နိန်ကြသနည်း။


ထိုပညတ်များသည် လူ့ပညတ်ချက်များနှင့် သွန်သင်ချက်များဖြစ်သည်နှင့်အညီ သင်ရို့ လိုက်လျှောက်စဉ်ပင် ပျက်စီးလားမည့် အရာများပင် ဖြစ်ကြ၏။


မိမိ၏ စိတ်ထင်ရာကို ကိုးကွယ်ခြင်း၊ မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ အလွန်အမင်း ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတည်းဟူသော ပညတ်များသည် ဉာဏ်ပညာနှင့် နှိုင်းယှဉ်သော ပညတ်များ ဖြစ်ဟန်တူသော်လည်း ထိုအရာများသည် ကိုယ်ကာယ၏ တပ်မက်မှုများကို ထိန်းချုပ်ရာတွင် မည်သည့်အကျိုးကိုမျှ မပြု။


တိမောသေ၊ သင့်အား ပီးအပ်ထားသော အရာများကို စောင့်ထိန်းလော့။ ဘုရားတရားမဲ့ အကျိုးမဟိသောစကား ပြောဆိုခြင်းကို လည်းကောင်း၊ အသိပညာဟု မှားယွင်းစွာ ခေါ်ဆိုကြသည့် ဆန့်ကျင်ဖက် အတွေးအခေါ် အယူအဆများကို လည်းကောင်း ယှောင်ယှားလော့။


ဆိုးယုတ်သောသူနှင့် အယောင်ဆောင်လှည့်စားတတ်သော သူရို့သည် ဆိုးသည်ထက် ဆိုးလာကြလိမ့်မည်၊ သူရို့သည် သူတစ်ပါးကို လှည့်စားကြသည့်အပြင် မိမိကိုယ်တိုင်လည်း လှည့်စားခြင်းကို ခံရကြလိမ့်မည်။


အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။


ငါ၏ညီအစ်ကို မောင်နှမရို့ အလွန်ဆိုးယုတ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်နှလုံးဟိသောသူသည် အသက်ရှင်တော်မူသော ဘုရားသခင်မှ ဝီးကွာလားတတ်၏။ ထိုသို့သောသူ တစ်ဦးတစ်ယောက်မျှ သင်ရို့၌ မဟိစီခြင်းငှာ သတိထားကြလော့။


သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့် အရာမဟုတ်။


သို့သော်လည်း အဆွီရို့၊ သင်ရို့သည် ဤအကြောင်းအရာများကို သိပြီးဖြစ်၏။ ထို့ကြောင့် သင်ရို့သည် မတရားသောသူရို့၏ မှားယွင်းသောလမ်းသို့ မလိုက်မိကြစီရန်နှင့် သင်ရို့၏ ရပ်တည်မှုကို မလဲကျစီရန် စောင့်ထိန်းကြလော့။


သို့ဖြစ်၍ သင်ရို့သည် ငါရို့ လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ