Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 2:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 မိမိ၏ စိတ်ထင်ရာကို ကိုးကွယ်ခြင်း၊ မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ အလွန်အမင်း ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတည်းဟူသော ပညတ်များသည် ဉာဏ်ပညာနှင့် နှိုင်းယှဉ်သော ပညတ်များ ဖြစ်ဟန်တူသော်လည်း ထိုအရာများသည် ကိုယ်ကာယ၏ တပ်မက်မှုများကို ထိန်းချုပ်ရာတွင် မည်သည့်အကျိုးကိုမျှ မပြု။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 2:23
10 ပူးပေါင်းရင်းမြစ်များ  

အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။


ဇာသူလေ့ မိမိကိုယ်ကို မုန်းသည်ဟူ၍ မဟိ။ ထိုသို့ပြုမည့်အစား၊ ခရစ်တော်သည် အသင်းတော်အား ကျွေးမွေးပြုစုတော်မူသကဲ့သို့ ငါရို့သည် မိမိကိုယ်ကို ကျွေးမွေး၍ ပြုစုစောင့်ယှောက်ကြ၏။


မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊


ထိုပညတ်များသည် လူ့ပညတ်ချက်များနှင့် သွန်သင်ချက်များဖြစ်သည်နှင့်အညီ သင်ရို့ လိုက်လျှောက်စဉ်ပင် ပျက်စီးလားမည့် အရာများပင် ဖြစ်ကြ၏။


သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည်မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။


ထိုသို့သောသူရို့က အိမ်ထောင်ပြုခြင်းနှင့် အချို့သော အစားအစာများကို စားသုံးခြင်းသည် မှားယွင်းသည်ဟု သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ဤအစာများကို စားသောက်ကြရန် ဘုရားသခင် ဖန်ဆင်းထားတော်မူ၏။


ကာယနှင့်ဆိုင်သော လေ့ကျင့်မှုသည် အကျိုးကျေးဇူးအချို့ကို ပီးတတ်၏။ သို့ရာတွင် ဘုရားဝတ်၌ မွိ့လျော်ခြင်းငှာ လေ့ကျင့်မှုသည်ကား ယခုဘဝ၊ နောင်ဘဝအတွက် ကတိတော်ကို ရထားသည်ဖြစ်၍ အရာရာ၌ အကျိုးကျေးဇူးကို ပီးတတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ