ကောလောသဲ 2:19 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား19 ခန္ဓာကိုယ်၏ ဦးဂေါင်းတည်းဟူသော ခရစ်တော်ကို မှီခိုအားကိုးခြင်း မဟိကြပေ။ ခရစ်တော်၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များဖြင့် ထောက်ပံ့ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရကာ ဘုရားသခင် ဖြစ်ပွါးစီတော်မူသည့်အတိုင်း ကြီးပွားလျက်ဟိ၏။ အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။
ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။