14 ငါရို့၏ အပြစ်ကြွီးစာရင်းကို လည်းကောင်း၊ အပြစ်နှင့်ဆိုင်သော ပညတ်တရား၏ ချည်နှောင်မှုများကို လည်းကောင်း လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းအားဖြင့် ပယ်ဖျက်တော်မူ၏။
ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။
သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊
သင်ရို့သည် ခရစ်တော်နှင့်အတူ သီဆုံးလားပြီဖြစ်၍ ဤစကြာဝဠာဆိုင်ရာ ဝိညာဉ်များ၏ အုပ်စိုးခြင်းမှ လွတ်မြောက်လျက်ဟိ၏။ သို့ဖြစ်ပါလျက် သင်ရို့သည် လောကီသားတိကဲ့သို့ ဇာကြောင့် အသက်ရှင်နိန်ကြသနည်း။
အကြောင်းမူကား လျှို့ဝှက်ထားသည့် ထိုမတရားသောအရာသည် လှုပ်ယှားလျက်ဟိ၏။ သို့သော်လည်း ထိုအမှုကို အဂု ဟန့်တားထားသောသူသည် မိမိဖယ်ယှားခြင်းကို ခံရသည်အချိန် ရောက်သည့်တိုင်အောင် ဆီးတားနိန်လိမ့်မည်။
ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။
ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူရာ၌ ဘုရားသခင်သည် ပထမ ပဋိညာဉ်တရားကို ဟောင်းနွမ်းစီတော်မူသည်ဖြစ်၍ ထိုဟောင်းနွမ်းလားသောအရာဟူသမျှသည် မကြာခင် ကွယ်ပျောက်လားလိမ့်မည်။
ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။