Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 2:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 အကြောင်းမူကား သင်ရို့သည် ဗတ္တိဇံကို ခံယူကြသောအခါ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ ခရစ်တော်ကို သီခြင်းတရားမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်လျက် ဗတ္တိဇံခံခြင်းအားဖြင့် သင်ရို့သည်လည်း ထိုအသျှင်နှင့်အတူ ထမြောက်ခြင်းကို ခံရကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 2:12
31 ပူးပေါင်းရင်းမြစ်များ  

တမန်တော်ရို့က သခင်ဘုရားအား “အကျွန်ရို့၏ ယုံကြည်ခြင်းကို တိုးပွါးစီတော်မူပါ” ဟု လျှောက်ထားကြ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


သို့သော်လည်း ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းတရားမှ ထမြောက်စီတော်မူပြီး သီခြင်းတရား၏တန်ခိုးမှ လွတ်မြောက်စီတော်မူ၏။ ဇာကြောင့်ဆိုသော် သီခြင်းတရားသည် ထိုအသျှင်ကို အစဉ်အမြဲ ချုပ်နှောင်ထား၍ မရနိုင်။


ဘုရားသခင်က ထိုအသျှင်ယေသျှုအား သီခြင်းတရားမှ ထမြောက်စီတော်မူကြောင်းကို ငါရို့အားလုံးသည် ထိုအကြောင်းရင်း၏ သက်သီပင်ဖြစ်ကြ၏။


ငါရို့ အသျှင်ယေသျှုအား သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရသည့် ငါရို့အတွက်ပါ ရီးထားခြင်းဖြစ်၏။


ထို့ကြောင့် ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည်လည်း ဘုရားသခင်အတွက် အသီးကို သီးစီရန် သီခြင်းမှ ထမြောက်တော်မူသော အခြားသောသူတည်းဟူသော ကိုယ်တော်နှင့် သက်ဆိုင်စီခြင်းငှာ ပညတ်တရား၏အလိုအတွက် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် အသီခံထားပြီးခယာ။


ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။


သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။


ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။


သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


တန်ခိုးတော်၏ပြုပြင်ခြင်းအားဖြင့် ငါ့အား ဘုရားသခင်ပီးသနားတော်မူသော အထူးဆုကျေးဇူးတော်နှင့်အညီ ငါသည် သတင်းကောင်းနှင့်ဆိုင်သော အခိုင်းအစီတစ်ယောက်ဖြစ်လာ၏။


ထို့အတူ သခင်ဘုရား တစ်ပါးတည်း၊ ယုံကြည်ခြင်း တစ်ပါးတည်း၊ ဗတ္တိဇံ တစ်ပါးတည်း၊


အကြောင်းမူကား အလင်းသည် ခပ်သိမ်းသောအရာတိကို ပေါ်လွင်ထင်ရှားစီသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျမ်းစာ၌ လာသည်ကား၊ “အိပ်ပျော်သူ၊ နိုးလော့။ သီခြင်းမှ ထမြောက်လော့၊ ခရစ်တော်သည် သင်၌ ထွန်းလင်းတော်မူလိမ့်မည်” ဟူ၍ ပါဟိသတည်း။


သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။


ငါသည် ဤတာဝန်လုပ်ငန်းကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခရစ်တော်သည် ငါ့အထဲ၌ ကြီးမားသော တန်ခိုးစွမ်းရည်ကို ထည့်ပီးတော်မူ၏။ ထိုတန်ခိုးစွမ်းရည်သည် ငါ့အထဲ၌ လုပ်ဆောင်လျက် ဟိ၏။


သင်ရို့သည် တစ်ချိန်က သင်ရို့၏အပြစ်များကြောင့် လည်းကောင်း၊ ပညတ်တရားကို မခံယူသော တစ်ပါးအမျိုးသားများ ဖြစ်ခြင်းကြောင့် လည်းကောင်း ဝိညာဉ်ရေးရာ၌ သီဆုံးနိန်သောသူများ ဖြစ်ခကြ၏။ သို့သော် အဂုတွင် ဘုရားသခင်သည် သင်ရို့အား ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ဘုရားသခင်သည် ငါရို့၏ အပြစ်အားလုံးကို ခွင့်ရွှတ်တော်မူ၍၊


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။


ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ