11 သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
“ဤသူကား၊ လူ့လက်ဖြင့် ဆောက်လုပ်ထားသော ဤဗိမာန်တော်ကို ငါ ဖြိုဖျက်ပြီးလျှင် လူ့လက်ဖြင့် မဆောက်ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ငါ တည်ဆောက်မည်ဟု ပြောသည်ကို အကျွန်ရို့ကိုယ်တိုင် ကြားပါ၏” ဟု မမှန်သော သက်သီကို ထွက်ဆိုကြ၏။
သျှစ်ရက်မြောက်သောနိ့တွင် သူငယ်အား အရီဖျားလှီးခြင်းမင်္ဂလာကို ပီးသောအခါ၊ သူငယ်ပဋိသန္ဓေမယူခင် ကောင်းကင်တမန်ကပီးသော နာမည်ဖြစ်သည့် ယေသျှုဟူသောနာမည်ဖြင့် မှည့်ကြလေ၏။
လောကနှင့်တကွ လောက၌ ဟိသမျှတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီး၏ အသျှင်သခင်လည်း ဖြစ်တော်မူ၏။ ထိုဘုရားသခင်သည် လူလက်ဖြင့် တည်ဆောက်သော ဗိမာန်တော်များ၌ ကိန်းဝပ်တော်မူသည် မဟုတ်။
“သို့သော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် လူ့လက်ဖြင့် တည်ဆောက်သည့် အိမ်တိ၌ ကိန်းဝပ်တော်မမူ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်က၊
အမှန်ပြောရလျှင် အတွင်းနှလုံးသားအရီဖျားကို လှီးထားသော သူတစ်ယောက်သည်သာ စစ်မှန်သော ယုဒလူဖြစ်ပေ၏။ ဤအမှုသည်ကား ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်ခြင်းဖြစ်၏။ ပညတ်တရားနှင့် မသက်ဆိုင်။ ထိုသို့သောသူသည် လူအများ၏ချီးမွမ်းခြင်းကို မခံရသော်လည်း ဘုရားသခင်၏ချီးမွမ်းခြင်းကို ခံရပေ၏။
ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။
ငါသည် အလွန် သောကရောက်နိန်သော လူတစ်ယောက် ဖြစ်နိန်ပါသည်တကား။ သီခြင်းတရားသို့ ပို့ဆောင်နိန်သော ဤခန္ဓာမှ ဇာသူသည် ငါ့ကို ကယ်တင်ပါမည်နည်း။
ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။
မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။
စစ်မှန်သောအရီဖျားလှီးခြင်းကို ခံရသောသူရို့ကား ထိုသူရို့မဟုတ်ဘဲ ငါရို့သာလျှင် ဖြစ်ကြပေ၏။ ဇာကြောင့်ဆိုသော် ငါရို့သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား ကိုးကွယ်၍ ခရစ်တော်ယေသျှု၌ ရွှင်လန်းဝမ်းမြောက်သောသူတိ ဖြစ်ကြသောကြောင့်တည်း။ ငါရို့သည် ပြင်ပလက္ခဏာများကို မကိုးစား။
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။ ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် ယခုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။