8 ဝိညာဉ်တော်အားဖြင့် သင်ရို့ရဟိသော ချစ်ခြင်းမေတ္တာအကြောင်းကို ထိုသူသည် ငါရို့အား ပြောပြ၏။
ဖုံးအုပ်လျက် ဟိသမျှသော အရာများသည် ပေါ်လာပြီးလျှင် ကွယ်ဝှက်၍ ထားသမျှသောအရာများသည် ပွင့်လာလိမ့်မည်။
ညီအစ်ကို မောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်က ပီးတော်မူသော ချစ်ခြင်းမေတ္တာအားဖြင့် လည်းကောင်း ငါ၏အဖို့အလို့ငှာ ငါနှင့်အတူ ဘုရားသခင်ကို စိတ်အားကြီးစွာဖြင့် ဆုတောင်းကူညီကြရန် သင်ရို့ကို ငါ တိုက်တွန်းနိုးဆော်လိုက်ပါ၏။
ဤမျှော်လင့်ခြင်းသည် ငါရို့ကို အရှက်ရစီမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိမိ၏မေတ္တာကို ငါရို့ စိတ်နှလုံးထဲသို့ သွန်းလောင်းပီးထားသောကြောင့် ဖြစ်၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်သည်ကား ငါရို့အတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်ပေ၏။
သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ဇာကြောင့်ဆိုသော် သင်ရို့သည် ခရစ်တော်ယေသျှု၌ သင်ရို့၏ ယုံကြည်ခြင်းကို လည်းကောင်း ဘုရားသခင်၏ လူစုတော်အား ချစ်ကြောင်းကို လည်းကောင်း ငါရို့ ကြားသိရသောကြောင့်ဖြစ်၏။
အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။
အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။