ကောလောသဲ 1:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား5 သမ္မာတရားတည်းဟူသော သတင်းကောင်းသည် သင်ရို့ပါးသို့ ပထမဆုံးအကြိမ် ရောက်လာသောအခါ မျှော်လင့်ခြင်းအကြောင်းကို သင်ရို့ကြားသိရကြ၏။ သို့ဖြစ်၍ သင်ရို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ကောင်းကင်ဘုံ၌ သင်ရို့အဖို့ လုံခြုံစွာသိုထားသော မျှော်လင့်ခြင်း၌ တည်လျက်နိန်၏။ အခန်းကိုကြည့်ပါ။ |
ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။
သို့ရာတွင် သူရို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ လျှောက်လှမ်းမှုမဟိသည်ကို ငါမြင်သောအခါ သူရို့အားလုံးရှိ့တွင် ပေတရုအား “သင်သည် ယုဒအမျိုးသားဖြစ်လျက်ပင် ယုဒလူမျိုးကဲ့သို့မဟုတ်ဘဲ တခြားလူမျိုးကဲ့သို့ ပြုမူနီထိုင်လျက်ဟိ၏။ သို့သော်လည်း တခြားလူမျိုးရို့အား ယုဒလူမျိုးကဲ့သို့ အသက်ရှင်နီထိုင်ရန် ဇာကြောင့် အတင်းအားဓမ္မ ပြုရပါသနည်း” ဟု မိန်း၏။
ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။
ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။