Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 1:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

27 ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 1:27
39 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။


ဤအရပ်၌ကြည့်လော၊ ထိုအရပ်၌လည်း ကြည့်လော့ဟု မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အထဲ၌ တည်လျက်ဟိသည်” ဟု မိန့်တော်မူ၏။


ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။


ငါသည် ခမည်းတော်၌ တည်နိန်သည်ကို လည်းကောင်း၊ သင်ရို့သည် ငါ့၌ တည်နိန်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်ရို့၌ တည်နိန်သည်ကို လည်းကောင်း ထိုနိ့ရက်၌ သင်ရို့ သိကြလိမ့်မည်။”


ယေသျှုကလည်း၊ “ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။


အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။


ငါ့အသားကို စား၍၊ ငါ့အသွီးကို သောက်သောသူသည် ငါ၌ တည်၏။ ငါသည်လည်း ထိုသူ၌ တည်၏။


ဘုရားသခင်သည် ဉာဏ်တော်အနန္တ၊ ပညာတော်အနန္တနှင့် ပြည့်စုံတော်မူပါ၏တကား။ ကိုယ်တော်၏တရားစီရင်တော်မူချက်တိကို ဇာသူသည် ရှင်းပြနိုင်အံ့နည်း။ ကိုယ်တော်ပြုတော်မူသောအရာများကို ဇာသူသည် နားလည်နိုင်အံ့နည်း။


သို့တည်းမဟုတ် ဘုရားသခင်၏ မဟာကရုဏာတော်နှင့် သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို မထီမဲ့မြင် ပြုနိန်ပါသလား။ ဘုရားသခင်သည် သင့်ကို နောင်တသို့ သွီးဆောင်နိန်သောကြောင့် ကိုယ်တော်သည် ကရုဏာတော်သျှင် ဖြစ်တော်မူကြောင်းကို သင်သည် အသေအချာ သိကြ၏။


ငါရို့သည် ယခု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


သို့ရာတွင် ခရစ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့၏ခန္ဓာကိုယ်သည် အပြစ်ကြောင့် သီနိန်သော်လည်း သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏။


ထို့ပြင် ဘုရားသခင်သည် မိမိ၏ ဘုန်းတန်ခိုးတော်ကို ခံစားစီခြင်းငှာ ပျင်ဆင်ထားသည့် မိမိ၏ ကရုဏာတော်ကို ခံရကြသော ငါရို့အား မိမိ၏အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ဖော်ပြ လိုတော်မူ၏။


သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း သိကြသည်မဟုတ်လော။


သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုများနှင့် မည်သို့ စပ်ဆိုင်နိုင်မည်နည်း။ ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ “ငါသည် ငါ၏ လူစုတော်တွင် ကိန်းဝပ်၍၊ သူရို့ နှင့်အတူ လားလာ နိန်မည်။ ငါသည် သူရို့၏ ဘုရားဖြစ်၍ သူရို့သည်လည်း ငါ၏လူစုတော် ဖြစ်လိမ့်မည်။”


ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။


ငါချစ်သော သားသမီးရို့၊ ခရစ်တော်၏ သဏ္ဍန်တော်ကို သင်ရို့သည် မရမချင်း ငါသည် အသျှေမွီးသည့် မိခင်ကဲ့သို့ တဖန် ဝေဒနာခံစားလျက် နိန်ရ၏။


ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။


သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။


ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။


သမ္မာတရားတည်းဟူသော သတင်းကောင်းသည် သင်ရို့ပါးသို့ ပထမဆုံးအကြိမ် ရောက်လာသောအခါ မျှော်လင့်ခြင်းအကြောင်းကို သင်ရို့ကြားသိရကြ၏။ သို့ဖြစ်၍ သင်ရို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ကောင်းကင်ဘုံ၌ သင်ရို့အဖို့ လုံခြုံစွာသိုထားသော မျှော်လင့်ခြင်း၌ တည်လျက်နိန်၏။


ထိုအသျှင်သည် ဝှက်ထားသမျှသော ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည့် ဉာဏ်ပညာနှင့် အသိပညာကို ဖွင့်ပြသော သော့ဖြစ်၏။


ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန်မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။


ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်နှင့် ငါရို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေသျှု၏ အမိန့်တော်အားဖြင့် ခန့်အပ်ခြင်းခံရသော ခရစ်တော်ယေသျှု၏တမန်တော် တစ်ပါးဖြစ်သည့် ငါ ပေါလု ပါးမှ —


ငါရို့၏အသက်အတွက် အာမခံ၍ စိတ်ချရသော ကျောက်ဆူးတစ်ခု ကဲ့သို့ ဤမျှော်လင့်ခြင်းကို ငါရို့၌ ချထားလျက်ဟိ၏။ ဤမျှော်လင့်ခြင်းသည်ကား ကောင်းကင်ဗိမာန်တော်၏ကန့်လန့်ကာအတွင်း သန့်ယှင်းရာဌာနတော်သို့ ဝင်ရောက်တော်မူ၏။


သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။


နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ