Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကောလောသဲ 1:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကောလောသဲ 1:12
50 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


“ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။


သို့ပင်သျှောင် ခမည်းတော်ဘုရားအား ကိုးကွယ်သောသူ မှန်သမျှရို့သည် ဝိညာဉ်ဖြင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူရို့ကို ခမည်းတော်သည် အလိုဟိတော်မူ၏။


“အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


တချို့သော အကိုင်းအခက်များကို ချိုးဖဲ့၍ ရိုင်းသောသံလွင်ပင်၏ အတက်ချေတစ်ခုဖြစ်သော သင့်ကို တခြားသောအကိုင်းအခက်များကြား၌ ကိုင်းကူးစိုက်ပျိုးထားခြင်းကို ခံရပြီးလျှင် ယခုအခါ၌ သံလွင်ပင်၏အမြစ်မှလာသော ဩဇာအဟာရဓာတ်များကို ခံစားနိန်ရလျှင်၊


အမှန်အားဖြင့်ဆိုသော် ထိုသို့ သူရို့ကို ကူညီရန် မိမိရို့၏ တာဝန်ဖြစ်သည်ဟု မိမိရို့ကိုယ်တိုင် ဆုံးဖြတ်ကြခြင်း ဖြစ်၏။ အကြောင်းမူကား ယုဒလူမျိုးတိက မိမိရို့ခံစားရသည့် ဝိညာဉ်ဆုကျေးဇူးများကို တခြားလူမျိုးတိအား ဝီမျှပီးသည့်နည်းတူ တခြားလူမျိုးတိကလည်း မိမိရို့၏လောကီ အသုံးအဆောင်ပစ္စည်းများကို ယုဒလူမျိုးတိအား ကူညီကြခြင်း ဖြစ်၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။


ထို့ပြင် ဘုရားသခင်သည် မိမိ၏ ဘုန်းတန်ခိုးတော်ကို ခံစားစီခြင်းငှာ ပျင်ဆင်ထားသည့် မိမိ၏ ကရုဏာတော်ကို ခံရကြသော ငါရို့အား မိမိ၏အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ဖော်ပြ လိုတော်မူ၏။


ငါရို့အဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဟိတော်မူ၏။ ထိုအသျှင်သည်ကား ခမည်းတော်ဖြစ်တော်မူ၏။ ထိုအသျှင်သည် ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူ၏။ ထိုအသျှင်အဖို့ ငါရို့သည် အသက်ရှင်ကြ၏။ ငါရို့အဖို့ အသျှင်သခင် တစ်ပါးတည်းသာလျှင် ဟိ၏။ ထိုအသျှင်သခင်ကား ယေသျှုခရစ်တော်ပင်ဖြစ်၏။ ထိုအသျှင်အားဖြင့် ခပ်သိမ်းသောအရာများသည် ဖန်ဆင်းခြင်းကို ခံကြရ၏။ ထိုအသျှင်အားဖြင့် ငါရို့သည် အသက်ရှင်ကြ၏။


ငါသည် သတင်းကောင်းတရား၏ ကောင်းကြီးမင်္ဂလာကို မျှဝီပီးနိုင်ရန် ထိုသတင်းကောင်းတရားအကျိုးငှာ ထိုအရာအလုံးစုံကို ဆောင်ရွက်၏။


သူရို့သည် ဤသို့ ပြုကြသည်မှာ အံ့ဖွယ်မဟုတ်။ စာတန်သည်ပင် အလင်း၏ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။


ဤသို့ပြောင်းလဲရန် ငါရို့ကို ပြုပြင်ပီးသော အသျှင်သည် ဝိညာဉ်တော်ကို ငါရို့အထဲ၌ သိုထား၍ ဇရံအဖြစ် ငါရို့အား ပီးတော်မူသော ဘုရားသခင်ပင် ဖြစ်သတည်း။


ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။


ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကို လည်းကောင်း၊


တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ ဖြစ်ကြသော ငါရို့အားလုံးသည် ခရစ်တော်အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်ကို အမှီပြုလျက် ခမည်းတော်၏ ရှိ့တော်မှောက်သို့ ဝင်ရောက်ခွင့် ရကြ၏။


ထိုနက်နဲသော အရာကား သတင်းကောင်းအားဖြင့် တခြားလူမျိုးရို့သည် ယုဒလူမျိုးရို့နှင့်အတူ ခန္ဓာတစ်ခုတည်း၏ အင်္ဂါများဖြစ်ကြ၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အမွီခံရ ပြီးလျှင် ခရစ်တော်ယေသျှုအားဖြင့် ကတိတော်ကို ဆက်ဆံခွင့်ရကြ၏။


လူသားအပေါင်းရို့၏ ဖခင်ဖြစ်တော်မူသော ဘုရားသခင် တစ်ပါးတည်း ဟိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းရို့၌ အသျှင်ဖြစ်တော်မူ၍ လူခပ်သိမ်းရို့အားဖြင့် လုပ်ဆောင်တော်မူလျက် လူခပ်သိမ်းရို့အထဲ၌ ဟိတော်မူ၏။


မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။


ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။


ညစ်ညူးသောစကား၊ မိုက်မဲသောစကား၊ မဖွယ်မရာသော စကားများကိုလည်း မပြောဆိုအပ်။ ထိုအရာများထက် ကျေးဇူးတော်ကို ချီးမွမ်းသည့် စကားများကိုသာ ပြောဆိုကြလော့။


အယင်က သင်ရို့သည် မှောင်မိုက်၌ နီထိုင်ခကြ၏။ သို့သော် ယခုမူကား သခင်ဘုရား၏ လူတိ ဖြစ်လာကြသောကြောင့် အလင်းသို့ ရောက်ကြရ၏။ ထို့ကြောင့် အလင်း၏ သားသမီးကဲ့သို့ ကျင့်ကြံပြုမူကြလော့။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊


ဘုရားသခင် ခေါ်ထားတော်မူသော ငါ၏ခရစ်ယာန်ညီအစ်ကို မောင်နှမရို့၊ ငါရို့ ဝန်ခံထားသော ယုံကြည်ခြင်းတရားနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူခြင်းငှာ ဘုရားသခင် စီရွှတ်တော်မူသော ယေသျှုအကြောင်းကို စဉ်းစားဆင်ခြင်ကြလော့။


ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။


ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။


ခရစ်တော်၏ ဆင်းရဲဒုက္ခကို သက်သီခံသောသူ တစ်ဦးအဖြစ် လည်းကောင်း၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းတော်ကို မျှဝီခံစားသောသူတစ်ဦးအဖြစ် လည်းကောင်း ငါ့နည်းတူ အသင်းတော်၌ အကြီးအကဲတိဖြစ်ကြသော သင်ရို့အား ငါတိုက်တွန်းလိုက်ပါ၏။


ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။


ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထိုမြို့၌ ထွန်းလင်း၍ သိုးသူငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည် နီ၏ အလင်းရောင်၊ လ၏ အလင်းရောင်ကို မလို။


မိမိရို့၏အဝတ်ကို သန့်ယှင်းအောင် လျှော်ဖွတ်သော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် အသက်ပင်၏ အသီးကို စားသုံးနိုင်သောအခွင့်နှင့် မြို့တန်းခါးဖြင့် မြို့တွင်းသို့ ဝင်နိုင်ရသောအခွင့်ကိုလည်း ရကြလိမ့်မည်။


ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ