19 သူသည် အစားအစာ သုံးဆောင်ပြီးနောက် ခွန်အားနှင့် ပြည့်လာ၏။ သျှောလုသည် ဒမာသက်မြို့တွင် တပည့်တော်တိနှင့်အတူ ရက်အနည်းငယ် နီထိုင်ခ၏။
သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။
ထိုအချိန်၌ တပည့်တော်ရို့သည် ယုဒပြည်၌ နီထိုင်ကြသော မိမိရို့၏ယုံကြည်သူ ညီအစ်ကိုတိအား တတ်နိုင်သလောက် အကူအညီအထောက်အပံ့ ပို့ပီးရန် ဆုံးဖြတ်ကြ၏။
ဦးစွာ ဒမာသက်မြို့မှစ၍ ယေရုဆလင်မြို့၌ လည်းကောင်း၊ ယုဒပြည်အရပ်ရပ်၌ လည်းကောင်း၊ တခြားလူမျိုးတိကြား၌ လည်းကောင်း၊ အကျွန်ဟောပြောသည်မှာ လူရို့သည် မိမိရို့၏ အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ လှည့်လာရမည်။ ထို့နောက် နောင်တရကြောင်းကို မိမိရို့၏ လုပ်ဆောင်ချက်ဖြင့် ပြသရမည် ဟူ၍ ဖြစ်ပါ၏။
ထိုအခါ ခဏချင်းတွင် သျှောလုမျက်စိမှ ငါးအကြီးခွံများကဲ့သို့ သော အရာများ ကွာကျပြီး မျက်စိပြန်မြင်လီ၏။ သူသည်လည်း ထ၍ ဗတ္တိဇံကို ခံယူပြီးလျှင်၊
သျှောလုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ တပည့်တော်ရို့နှင့် ဆက်သွယ်ရန် ကြိုးစားလေ၏။ သို့သော်လည်း သူသည် တပည့်တော်တစ်ဦးဖြစ်လာကြောင်းကို မယုံကြည်ကြသောကြောင့် ထိုသူရို့အားလုံးသည် သူ့ကို ကြောက်ကြ၏။
လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် မဝီးသဖြင့် လုဒ္ဒမြို့တွင် ပေတရုဟိကြောင်းကို ယုံကြည်သူရို့ ကြားသိကြလျှင် လူနှစ်ဦးကို သူ့ထံသို့ ရွှတ်လိုက်ကာ “အကျွန်ရို့ပါးကို လျင်မြန်စွာ ကြွလာတော်မူပါ” ဟု တောင်းပန်ကြ၏။
ငါ့ထက် အယင်ဦးစွာ တမန်တော်အရာကို ရဟိထားသော သူရို့နှင့်တွိ့ဆုံရန် ယေရုဆလင်မြို့ကိုလည်း ငါမလားခ။ အာရပ်ပြည်သို့ အယင်လားပြီးနောက် ဒမာသက်မြို့သို့ ပြန်လာ၏။