20 ပေတရုကလည်း “ဘုရားသခင်၏ ဆုကျေးဇူးတော်ကို ငွီနှင့် ဝယ်ယူရန် စိတ်အကြံဟိသောကြောင့် သင်၏ငွီသည် သင်နှင့်အတူ ပျက်စီးပါစီ။
မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
အဘယ်ကြောင့်ဆိုသော်၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ မမှန်သောသက်သီခံခြင်း၊ သူတစ်ပါးကို အတင်းပြောခြင်း စသောအရာတိကို ပြုခြင်းငှာ ထိုသူအား ဦးဆောင်နိန်သော မကောင်းသည့် အကြံအစည်များမှာ စိတ်နှလုံးထဲမှ ထွက်လာကြခြင်းဖြစ်၏။
ယုဒသည် မတရားသဖြင့် ရသောငွီဖြင့် မြီတစ်ကွက်ကို ဝယ်ပြီးနောက် ထိုမြီကွက်တွင် လဲကျပြီး သီဆုံးကာ ဝမ်းပေါက်၍ အူများထွက်ကျလေ၏။
ဘုရားသခင်သည် မိမိ၏သန်ယှင်းသော ဝိညာဉ်တော် ဆုကျေးဇူးကို တခြားလူမျိုးတိကိုလည်း သွန်းလောင်းတော်မူသည်ကို ပေတရုနှင့်အတူ ယုပ္ပေမြို့မှ လိုက်ပါလာကြသော ယုဒလူမျိုး ယုံကြည်သူများသည်လည်း မြင်ကြရသည်ဖြစ်၍ အံ့သြကြရလေ၏။
ငါရို့သည် အသျှင်ယေသျှုခရစ်တော်၌ ယုံကြည်သောအခါ ဘုရားသခင်သည် ငါရို့အား ဆုကျေးဇူးကို ပီးတော်မူသည့်နည်းတူ တခြားလူမျိုးတိကိုလည်း ပီးတော်မူသည်မှာ ထင်ရှားစွာ တွိ့ရ၏။ ငါသည်ကား ဇာပိုင်လူဖြစ်လို့ ဘုရားသခင်ကို တားဆီးနိုင်အံ့နည်း” ဟု ပေတရုက ပြော၏။
ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
“ဇာသူ့ကိုမဆို အကျွန်၏ လက်ကိုတင်လိုက်သောအခါ ထိုသူရို့၌ သန့်ယှင်းသောဝိညာဉ်တော်ကို ရစီခြင်းငှာ အကျွန်အား တန်ခိုးကို ပီးပါ” ဟု ဆိုလေ၏။
ထို့ကြောင့် သင်၏ ဆိုးညစ်မှုအတွက် နောင်တရပြီးလျှင် သင်၏စိတ်နှလုံးထဲ၌ ထိုသို့ ကြံစည်သဖြင့် ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ သခင်ဘုရားထံပါး၌ ဆုတောင်းလော့။
သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။
သင်ရို့၏ရွှီငွီများသည်လည်း အညှိတက်ကြလေပြီ။ ထိုအညှိများသည် သင်ရို့၏တစ်ဖက်၌ သက်သီဖြစ်လျက် သင်ရို့၏အသားကို မီးကဲ့သို့ စားလိမ့်မည်။ ဤနောက်ဆုံးသောကာလ၌ သင်ရို့သည် ဓနဥစ္စာများကို သိုလှောင်ထားကြပေ၏။
ဗာဗုလုန်မြို့ကို အမှီပြု၍ ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝလာသော ကုန်သည်ကြီးရို့သည် ထိုမြို့ ခံရသည့်ဘေးဒဏ်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ အဝီးမှ ရပ်လျက်၊