Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 8:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ဘုရားကိုကြည်ညိုသော လူတချို့သည် ပြင်းစွာသော ငိုကြွီးခြင်းကို ပြုလျက် သတေဖန်ကို သင်္ဂြိုဟ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 8:2
19 ပူးပေါင်းရင်းမြစ်များ  

ယောဟန်၏ တပည့်ရို့သည် ထိုသတင်းတော်ကို ကြားသောအခါ လာ၍ ယောဟန်၏အလောင်းကို သယ်ဆောင်လားပြီးလျှင် ဂူသွင်းသင်္ဂြိုလ်ကြ၏။


ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။


သူသည် ဘာသာတရား ကြည်ညိုသောသူ တစ်ယောက်ဖြစ်၏။ သူနှင့် သူ၏မိသားစုအားလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြ၏။ ယုဒလူမျိုး ဆင်းရဲသူ ဆင်းရဲသားတိအား ရက်ရောစွာ ပီးကမ်းစွန့်ကြဲကာ ဘုရားသခင်အား အစဉ်ဆုတောင်းလျက်နိန်၏။


ထိုကာလတွင် လောက၌ဟိကြသော တိုင်းပြည်အသီသီးမှ လာကြသည့် ဘာသာတရား ကြည်ညိုသူ ယုဒလူမျိုးများသည် ယေရုဆလင်မြို့၌ တည်းခိုနိန်ကြ၏။


သတေဖန်ကို သတ်သည့်အမှုတွင် သျှောလုသည် အလိုတူအလိုပါဖြစ်သတည်း။ ထိုနိ့မှစ၍ ယေရုဆလင်မြို့၌ဟိသော အသင်းတော်များသည် ညှည်းပန်းနှိပ်စက်ခြင်းကို ပြင်းစွာခံရလေ၏။ ထို့ကြောင့် တမန်တော်ရို့မှတစ်ပါး ယုံကြည်သူအားလုံးရို့သည် ယုဒပြည်နှင့် ယှာမာရိပြည်တစ်လျှောက်သို့ ပြန့်ကြဲလားကြကုန်၏။


သျှောလုသည် အသင်းတော်ကို ဖျက်ဆီးရန် ကြိုးစား၍ ယုံကြည်သူ မိန်းမယောက်ျားတိကို တစ်အိမ်ဝင်တစ်အိမ်ထွက်လျက် ဆွဲငင်ကာ ထောင်ချထားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ