Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 8:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 သတေဖန်ကို သတ်သည့်အမှုတွင် သျှောလုသည် အလိုတူအလိုပါဖြစ်သတည်း။ ထိုနိ့မှစ၍ ယေရုဆလင်မြို့၌ဟိသော အသင်းတော်များသည် ညှည်းပန်းနှိပ်စက်ခြင်းကို ပြင်းစွာခံရလေ၏။ ထို့ကြောင့် တမန်တော်ရို့မှတစ်ပါး ယုံကြည်သူအားလုံးရို့သည် ယုဒပြည်နှင့် ယှာမာရိပြည်တစ်လျှောက်သို့ ပြန့်ကြဲလားကြကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 8:1
35 ပူးပေါင်းရင်းမြစ်များ  

တခြားလူတိက အခိုင်းအစီတိကို ဖမ်းဆီး၍ ထုထောင်းကာ သတ်ဖြတ်ကြ၏။


သင်ရို့ပါးသို့ ပရောဖက်တိ၊ ပညာဟိတိနှင့် ကျမ်းတတ်ဆရာတိကို ငါ ရွှတ်လိုက်၏။ သင်ရို့သည် သူရို့ထဲက တချို့ကို သတ်ကြလိမ့်မည်၊ တချို့ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ တချို့ကို တရားဇရပ်ထဲ၌ သတ်ပုတ်ကြလိမ့်မည်၊ တစ်မြို့ ပြီး တစ်မြို့ လိုက်၍ ဖမ်းကြလိမ့်မည်၊


“သင်ရို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားသည် အငန်ဓာတ်ကင်းပျောက်လားလျှင် ၎င်းကို တဖန်ဇာပိုင် ပြန်ရဖို့သိမ့်လဲ။ အပြင်သို့ ဝေးပစ်ခြင်းခံရပြီး လူတိ ကျော်နင်းခြင်းမှတစ်ပါး တစ်ခုလည်း အသုံးမဝင်ယာ။


‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှည်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှည်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။


သင်ရို့ကို တရားဇရပ်များထဲက နှင်ထုတ်ကြလိမ့်မည်။ သင်ရို့ကို အသီသတ်သောသူများသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသောအချိန်သည် ရောက်လာလိမ့်မည်။


သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။


အန္တိအုတ်မြို့ အသင်းတော်၌ဟိကြသော တချို့သော ဆရာတိနှင့် ပရောဖက်များမှာ၊ ဗာနဗ၊ နိဂါဟု ခေါ်သော သျှုမောင်၊ ကုရေနေပြည်သား လုကိ၊ (ဟေရုဒ်မင်းနှင့်အတူ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်သော) မာနင်နှင့် သျှောလု ရို့ဖြစ်ကြ၏။


ဒါဝိဒ်သည် သူ၏ဘဝတစ်လျှောက်၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခ၏။ ထို့နောက် သူသည် အနိစ္စရောက်ပြီးလျှင် သူ၏အဖိုးအဖီးတိနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရ၏၊ သူ၏ခန္ဓာသည်လည်း သင်္ချိုင်းတွင်း၌ ပုပ်ပျက်လေ၏။


ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။


ကိုယ်တော်၏ သက်သီခံဖြစ်သူ သတေဖန်ကိုလည်း အသီသတ်ခသောအခါ၊ အကျွန်ကိုယ်တိုင် ထိုအရပ်၌ ဟိပါ၏။ ထိုသူကို အသီသတ်သောလူရို့ကို ထောက်ခံပီးပြီး ထိုသူရို့၏ အဝတ်အစားများကို စောင့်ကြည့်နိန်ခပါ၏’ ဟု လျှောက်ဆို၏။


ထိုအမှုကား ယေရုဆလင်မြို့၌ အကျွန် ပြုခသော အမှုဖြစ်ပါ၏။ အကျွန်သည် ယဇ်ပုရောဟိတ်အကြီးအကဲပါးမှ အခွင့်အာဏာဖြင့် များစွာသော ဘုရားသခင်၏လူတိကို ထောင်၌ အကျဉ်းချထားခ၏။ သူရို့အား အသီသတ်ခြင်းငှာ စီရင်သောအခါ၌ အကျွန်သည်လည်း သဘောတူခပါ၏။


သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးပြီးလျှင် ထောင်၌ အကျဉ်းချထား၏။


“သင်ရို့၊ ဗိမာန်တော်သို့ လားပြီးလျှင် လူအပေါင်းရို့အား အသစ်သော အသက်ရှင်ခြင်း အကြောင်းကို ဟောပြောကြလော့” ဟု ဆို၏။


တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် ထိုစကားကို ကြားကြလျှင် အလွန် ဒေါသထွက်သောကြောင့် တမန်တော်ရို့အား အသီသတ်ရန် ကြံစည်ကြ၏။


ထို့နောက် သူရို့သည် တမန်တော်ရို့ကို ခေါ်သွင်း၍ ကြိမ်ဒဏ်ပီးပြီးလျှင် ယေသျှုနာမ၌ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် အမိန့်ပီးကာ ပြန်ရွှတ်လိုက်ကြ၏။


သူသည် ဣသရေလလူမျိုးတိနှင့် တောကန္တရ၌ စုဝေးခသော သူတစ်ယောက်ဖြစ်၏။ သူသည် သိနာတောင်၌ စကားပြောခသော ကောင်းကင်တမန်တိနှင့် လည်းကောင်း၊ ငါရို့အဖိုးအဖီးနှင့် လည်းကောင်း ထိုနီရာ၌ဟိခသောသူဖြစ်ပြီး ငါရို့အား ပီးအပ်ရန် ဘုရားသခင်၏ အသက်ရှင်သော ဗျာဒိတ်တော်ကို ခံယူခသူဖြစ်၏။


သတေဖန်စကားကို ကြားသောအခါ ယုဒတရားလွှတ်တော် အဖွဲ့ဝင်ရို့သည် အလွန် ဒေါသထွက်ကြ၍ အံကြိတ်နိန်ကြ၏။


သူ့ကို မြို့ပြင်သို့ ဆွဲထုတ်ပြီးလျှင် ကျောက်သီးဖြင့် ပစ်ကြ၏။ အသိသက်သီရို့သည် မိမိရို့၏ အဝတ်များကို သျှောလုဟု ဆိုသော လူငယ်တစ်ယောက်ထံ၌ အပ်ထားကြ၏။


ယေရုဆလင်မြို့၌ဟိသော တမန်တော်ရို့သည် ယှာမာရိပြည်သားတိ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လက်ခံလာကြကြောင်းကို ကြားသိရသောအခါ ပေတရုနှင့် ယောဟန်ရို့ကို သူရို့ထံသို့ စီရွှတ်လိုက်ကြ၏။


ဘုရားကိုကြည်ညိုသော လူတချို့သည် ပြင်းစွာသော ငိုကြွီးခြင်းကို ပြုလျက် သတေဖန်ကို သင်္ဂြိုဟ်ကြ၏။


ပြန့်ကြဲလားသော ယုံကြည်သူရို့သည် သတင်းကောင်းကို အရပ်ရပ်သို့ လား၍ ဟောပြောကြ၏။


ဖိလိပ္ပုသည် ယှာမာရိပြည်၏မြို့တော်သို့ လား၍ မေသျှိယအကြောင်းကို ဟောပြောလေ၏။


ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။


ထိုသို့သော ကျင့်သောသူရို့သည် သီပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင်၏ပညတ်တရားက မိန့်မှာထားသည်ကို သူရို့သည် သိလျက်ပင်၊ ကိုယ်တိုင် ကျင့်ကြသည်သာမက ထိုသို့ ကျင့်သောသူတိကိုလည်း အားပီးအားမြှောက် ပြုလျက်ဟိကြ၏။


ညီအစ်ကိုမောင်နှမရို့၊ ငါတွိ့ကြုံရသည့် အဖြစ်အပျက်များသည် သတင်းကောင်းကို ပြန့်ပွားစီရာတွင် ကောင်းစွာ အထောက်အကူဖြစ်ကြောင်းကို ငါသည် သင်ရို့အား သိစီလို၏။


မောသျှေသည် မမြင်နိုင်သောဘုရားသခင်ကို မြင်သောကြောင့် သျှင်ဘုရင်၏အမျက်တော်ကို မကြောက်ဘဲ အဲဂုတ္တုပြည်သို့ ပြန်လားရန် ငြင်းဆန်လျက် ထိုပြည်ကို စွန့်ခွာလာခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ