60 သူသည် ဒူးထောက်၍ ကျယ်လောင်သော အသံဖြင့် “အသျှင်ဘုရား၊ ဤသူရို့ပြုသော ပြစ်မှားခြင်းတိကို မှတ်တော်မမူပါကေ့” ဟု ဆို၍ ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
သင်္ချိုင်းဂူများလည်း ပွင့်ထွက်ကာ သီနိန်ပြီးသော သန့်ယှင်းသူများစွာ၏အလောင်းများသည် ထမြောက်ခြင်းသို့ ရောက်ကြလေ၏။
သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှည်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။
ထို့နောက် တပည့်တော်ရို့နှင့် ကျောက်ခဲ တစ်ပစ်စာလောက် ဝီးသောအရပ်သို့ ကြွတော်မူပြီး ဒူးထောက်လျက်၊
ယေသျှုက “အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုသူရို့သည် ကိုယ်တော်၏အဝတ်တော်ကို မဲချ၍ ဝီယူကြ၏။
သင်ရို့အား ကျိန်ဆဲသောသူကို မေတ္တာပို့ကြလော့။ နှောက်ယှက်သောသူတိအတွက် ဆုတောင်းပီးကြလော့။
ကိုယ်တော်သည် ထိုသို့ မိန့်တော်မူပြီးနောက် “ငါရို့အဆွီ လာဇရုသည် အိပ်နိန်ခြင်းသာဖြစ်၍ သူ့ကို နှိုးခြင်းငှာ လားကြမည်” ဟု ထပ်၍ မိန့်တော်မူ၏။
ဒါဝိဒ်သည် သူ၏ဘဝတစ်လျှောက်၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခ၏။ ထို့နောက် သူသည် အနိစ္စရောက်ပြီးလျှင် သူ၏အဖိုးအဖီးတိနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရ၏၊ သူ၏ခန္ဓာသည်လည်း သင်္ချိုင်းတွင်း၌ ပုပ်ပျက်လေ၏။
ပေါလုသည် ထိုသို့ပြောပြီးမှ ထိုသူရို့နှင့်အတူ ဒူးထောက်၍ ဆုတောင်းလေ၏။
သို့ပိုင်သျှောင် ခုနစ်ရက်လွန်သောအခါ ငါရို့သည် ထိုအရပ်မှ ထွက်၍ ငါရို့၏ ခရီးစဉ်အတိုင်း ခရီးဆက်ကြ၏။ သူရို့သည်လည်း မိမိရို့၏မယားတိ၊ အသျှေတိနှင့်အတူ မြို့ပြင်ကမ်းခြီသို့ လိုက်ပို့ကြ၏။ ထိုနီရာတွင် ငါရို့အားလုံးသည် ဒူးထောက်ပြီး ဆုတောင်းကြ၏။
ပေတရုသည် ထိုသူရို့ အားလုံးကို အခန်းတွင်းမှ ထွက်စီပြီးလျှင် ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် အလောင်းဖက်သို့လှည့်၍ “တဗိသ၊ ထလော့” ဟု ဆိုလျှင် သူမသည် မျက်စိဖွင့်၍ ပေတရုကို မြင်သောအခါ ထ၍ ထိုင်လေ၏။
ထို့ကြောင့် သင်ရို့အထဲ၌ အားနည်းသောသူနှင့် မကျန်းမာသောသူ အများဟိပြီး သီသောသူများလည်း ဟိကြ၏။
ခရစ်တော်၌ အိပ်ပျော်သော သူရို့သည်လည်း ဆုံးယှုံးခြင်းသို့သာ ရောက်ကြပေမည်။
သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။
နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။
ထို့နောက် ကိုယ်တော်သည် မိမိ၏တပည့်တော် ၅၀၀ ကျော်ရို့အား တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူရို့အထဲမှ အချို့သည် သီလွန်ပြီးဖြစ်သော်လည်း၊ လူအများစုမှာ ယခုတိုင်အောင် အသက်ရှင်လျက် ဟိကြ၏။
ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
ပထမအကြိမ် ငါ့အမှုအတွက် ငါ ကိုယ်တိုင် ချေပပြောဆိုရာ၌ ငါ့ဖက်က ရပ်တည်သူ တစ်ယောက်လေ့ မဟိခ။ လူတိအားလုံး ငါ့ကို စွန့်ခွါလားကတ်ယာ။ ဘုရားသခင်သည် သူရို့အား ထိုအမှုကို မှတ်တော်မမူပါစီကေ့။
“ကိုယ်တော်၏ ကြွလာတော်မူခြင်းနှင့်ဆိုင်သော ကတိတော်သည် ဇာမှာဟိသနည်း။ ငါရို့ အဖိုးအဖီးရို့သည် သီလွန်သည့် အချိန်မှစ၍ ခပ်သိမ်းသောအမှုအရာများသည် ကမ္ဘာလောကကို ဖန်ဆင်းတော်မူချိန်က ဟိခသည့်အတိုင်းပင် မဟုတ်လော” ဟု ဆိုကြလိမ့်မည်။