တမန်တော် 7:38 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား38 သူသည် ဣသရေလလူမျိုးတိနှင့် တောကန္တရ၌ စုဝေးခသော သူတစ်ယောက်ဖြစ်၏။ သူသည် သိနာတောင်၌ စကားပြောခသော ကောင်းကင်တမန်တိနှင့် လည်းကောင်း၊ ငါရို့အဖိုးအဖီးနှင့် လည်းကောင်း ထိုနီရာ၌ဟိခသောသူဖြစ်ပြီး ငါရို့အား ပီးအပ်ရန် ဘုရားသခင်၏ အသက်ရှင်သော ဗျာဒိတ်တော်ကို ခံယူခသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
“မောသျှေကား ဣသရေလလူမျိုးတိ ပစ်ပယ်ခြင်းကို ခံရသူဖြစ်၏။ သူရို့က ‘ငါရို့ကို အုပ်ချုပ်ဖို့နှင့် တရားစီရင်ဖို့ သင့်ကို ဇာသူခန့်ထားသနည်း’ ဟု မိန်းကြ၏။ သူသည် ခြုံပုတ်ထဲမှ မီးတောက်အားဖြင့် ထင်ရှားပြသော ကောင်းကင်တမန် အကူအညီအားဖြင့် ဣသရေလလူမျိုးတိကို အုပ်ချုပ်ရန်နှင့် လွတ်မြောက်စီရန် ဘုရားသခင် စီရွှတ်တော်မူသောသူဖြစ်၏။
ဣသရေလလူမျိုးရို့သည် ဘုရားသခင်၏လူမျိုးတော်ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်သည် သူရို့ကို မိမိ၏သားသမီးအရာ၌ ချီးမြှောက်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတန်ခိုးတော်တိကို ဖွင့်ပြခြင်းဖြင့်လည်းကောင်း၊ ပဋိညာဉ်များပြုခြင်းဖြင့်လည်းကောင်း၊ ပညတ်တရားကို ပီးထားခြင်းဖြင့် လည်းကောင်း ပြုတော်မူခ၏။ သူရို့သည်လည်း မှန်သောဝတ်ပြုခြင်းကို ပြုလျက်၊ ဘုရားသခင်၏ကတိတော်များကို ခံရကြ၏။
သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကို လည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။