Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 7:25 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

25 မောသျှေသည် မိမိလူတိကို ကယ်တင်ရန် မိမိအား ဘုရားသခင်က ရွှတ်လိုက်တော်မူခကြောင်းကို သူရို့နားလည်လိမ့်မည်ဟု ထင်မှတ်ခ၏။ သို့သော်လည်း သူရို့ နားမလည်ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 7:25
20 ပူးပေါင်းရင်းမြစ်များ  

တပည့်တော်ရို့သည် ကိုယ်တော်၏ သွန်သင်ခြင်းကို နားမလည်ကြသော်လည်း ကိုယ်တော်အား ကြောက်ရွံ့၍ မမိန်းလျှောက်ဝံ့ကြ။


သို့ရာတွင် တပည့်တော်ရို့သည် ကိုယ်တော်၏ စကားတော်တစ်ခွန်းကိုမျှ နားမလည်ခကြ။ ထိုစကား၏ အနက်အဓိပ္ပာယ်သည် ကွယ်ဝှက်ထားခြင်း ခံရသည်ဖြစ်၍ ကိုယ်တော်၏ မိန့်တော်မူချက်ကို သူရို့နားမလည်ခကြ။


သို့ရာတွင် တပည့်တော်ရို့သည် ထိုစကားအဓိပ္ပာယ်ကို မသိကြ။ ထိုသို့ သူရို့သည် နားမလည်ကြစီရန် ထိုအရာတိကို ကွယ်ဝှက်ထားလျက်ဟိ၏။ သူရို့သည်လည်း ကိုယ်တော်အား မိန်းလျှောက်ရန်လည်း ကြောက်ရွံ့ကြ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


သူရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ တမန်တော်တိနှင့် အသင်းတော်လူကြီးတိ၊ အသင်းသူ အသင်းသားတိက သူရို့ကို ကြိုဆိုလက်ခံကြ၏။ သူရို့ကလည်း ဘုရားသခင်သည် မိမိရို့အားဖြင့် ပြုတော်မူခသော အရာအားလုံးကို ပြောပြကြ၏။


အချိန်အင်တန်ကြာ အပြန်အလှန် ဆွေးနွေးငြင်းခုံကြပြီးနောက် ပေတရုသည် ထလျက် “ညီအစ်ကို မောင်နှမရို့၊ လူမျိုးခြားတိသည် သတင်းကောင်းတရားကို ကြားနာ၍ ယုံကြည်ခြင်းသို့ ရောက်ကြစီခြင်းငှာ ထိုတရားကို ဟောပြောရန်အတွက် ဘုရားသခင်သည် ရှိ့ဦးစွာအားဖြင့် သင်ရို့အထဲက ငါ့ကို ရွီးကောက်တော်မူသည်ကို သင်ရို့သိကြ၏။


ပေါလုသည် ထိုသူရို့အား မိတ်ဆက်ပြီးနောက် မိမိ၏အမှုတော်အားဖြင့် တခြားလူမျိုးရို့၌ ဘုရားသခင်ပြုတော်မူသော အမှုအရာအလုံးစုံတိကို ပြည့်စုံစွာ တင်ပြတော်မူ၏။


ထိုသို့ လည်ပတ်ချိန်၌ အဲဂုတ္တုအမျိုးသား တစ်ယောက်က ဣသရေလအမျိုးသား တစ်ယောက်အား နှိပ်စက်နိန်သည်ကို မြင်လျှင် မိမိလူဖက်မှ ဝင်ရောက်ကူညီပြီးလျှင် အဲဂုတ္တုလူကို လက်တုန့်ပြန်၍ အသီသတ်လိုက်လေ၏။


နောက်တစ်နိ့၌ ဣသရေလလူနှစ်ယောက် ရန်ဖြစ်နိန်သည်ကိုမြင်၍ ငြိမ်းချမ်းစီလိုသဖြင့် မောသျှေက၊ ‘နားထောင်ကတ်ပါ။ သင်ရို့သည် ညီအစ်ကိုချင်းဖြစ်လျက်ပင် ဇာဖြစ်လို့ ရန်ဖြစ်နိန်ကြသနည်း’ ဟု သူရို့အား ဖြန်ဖြေရန် ကြိုးစားလေ၏။


ဘုရားသခင်အား တခြားလူမျိုးတိ လိုက်နာလာရန် ခရစ်တော်သည် ငါ့အားဖြင့် ပြုတော်မူသမျှတိကိုသာ ငါသည် ရဲဝံ့စွာပြော၏။ ထိုသို့ လိုက်နာလာကြစီခြင်းငှာ ခရစ်တော်သည် ငါ့အား နှုတ်တော်ထွက် မိန့်တော်မူချက်များဖြင့်လည်းကောင်း၊ လက်တွိ့ လုပ်ဆောင်မှုများဖြင့်လည်းကောင်း၊


သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။


ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


ငါသည် ဤတာဝန်လုပ်ငန်းကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခရစ်တော်သည် ငါ့အထဲ၌ ကြီးမားသော တန်ခိုးစွမ်းရည်ကို ထည့်ပီးတော်မူ၏။ ထိုတန်ခိုးစွမ်းရည်သည် ငါ့အထဲ၌ လုပ်ဆောင်လျက် ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ