7 ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ဆက်လက်၍ ပြန့်နှံ့လေ၏။ ယေရုဆလင်မြို့၌ တပည့်တော် အရီအတွက်သည်လည်း အလွန်တိုးပွားလာပြီး များစွာသော ယဇ်ပုရောဟိတ်ရို့သည် ယုံကြည်လက်ခံလာကြ၏။
သို့သော် ယခုတွင် ရှိ့ဆုံးက ရောက်သောသူတိသည် နောက်ဆုံး၌ ဟိကြလိမ့်မည်။ နောက်ဆုံး ရောက်လာသော သူရို့သည် ရှိ့ဆုံး၌ ဟိကြလိမ့်မည်” ဟု ယေသျှုက တပည့်တော်တိကို မိန့်တော်မူ၏။
သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ “များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊
သို့စေကာမူ များစွာသော ယုဒအာဏာပိုင်ရို့ကလည်း ယေသျှုကို ယုံကြည်ကြ၏။ သို့သော်လည်း ဖာရိယှဲရို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်ကို ကြောက်၍ မိမိရို့ ယုံကြည်ကြကြောင်းကို ပွင့်လင်းစွာ ဝန်မခံကြပေ။
ထိုအချိန်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ဆက်လက်၍ ပြန့်ပွားသဖြင့် ယုံကြည်သူများလည်း သာ၍ တိုးပွားလာလေ၏။
သို့ရာတွင် ကျွန်းပိုင်မင်းကို ယုံကြည်ခြင်းမှ လမ်းလွဲစီရန် ကြိုးစားသည့် ဟေလသဘာသာ စကားအားဖြင့် ဧလုမဟု ခေါ်သော ထိုမှော်ဆရာသည် တမန်တော်တိကို ဟန့်တားလေ၏။
သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။
ထိုသို့ဖြင့် သခင်ဘုရား၏ သာသနာတော်သည် ပြန့်နှံ့လျက် တန်ခိုးတော်အားဖြင့် ကြီးထွားတိုးပွားလျက်ဟိ၏။
ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။
ထိုသို့ တင်ပြသမျှကို ကြားပြီးသည့်နောက်၊ သူရို့အားလုံးသည် ဘုရားသခင်အား ချီးမွမ်းကြ၏။ ထို့နောက် သူရို့အပေါင်းက “ညီအစ်ကို ပေါလု၊ သင်မြင်သည့်အတိုင်း ထောင်ပေါင်းများစွာသော ယုဒလူများသည် ယုံကြည်သူများ ဖြစ်လာကြပြီး ထိုသူအပေါင်းရို့သည်လည်း ပညတ်တရားကို ဆည်းကပ်စွဲလန်းသောသူတိ ဖြစ်ကြ၏။
ကာလအင်တန်ကြာပြီးနောက် တပည့်တော် အရီအတွက် များပြားလာသဖြင့် ဟေလသစကားကို ပြောသော ယုဒလူမျိုးတိနှင့် ဒေသခံ ယုဒလူမျိုးရို့ကြား အငြင်းပွားကြ၏။ ဟေလသစကားကို ပြောသော ယုဒလူမျိုးရို့က မိမိရို့၏ မုဆိုးမများသည် နိ့စဉ်အစားအသောက် ထောက်ပံ့မှု၌ လစ်လျူရှု ခံထားရသောကြောင့် ပြစ်တင်ပြောဆိုကြ၏။
ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။
သို့ရာတွင် ယခုအခါ၌ ထိုသမ္မာတရားသည် ပရောဖက်များ ရီးထားခသည်နှင့်အညီ ပေါ်ထွန်းခပြီးဖြစ်၏။ လူသားအားလုံးသည် ဘုရားသခင်ကို ယုံကြည်၍ နှုတ်ကပတ်တော်ကို နာခံလာကြရန် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုသမ္မာတရားကို လူမျိုးအပေါင်းရို့အား ကြားသိစီတော်မူလေပြီ။
“ငါရို့ကို ညှည်းဆဲခသောသူသည် အယင်က သူ ဖျက်ဆီးရန် ကြိုးစားခသော ယုံကြည်ခြင်းတရားကို အဂုအခါတွင် ငါရို့အား ဟောပြောနိန်၏” ဟု အခြားသောသူတိ ပြောဆိုသံကိုသာ သူရို့ ကြားသိရကြ၏။
သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။
သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။
ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။
ငါသည် သတင်းကောင်းတရားတော်ကို ဟောပြောသောကြောင့် ရာဇဝတ်သား တစ်ယောက်ကဲ့သို့ သံကြိုးနှင့် ချိုင်နှောင်ခြင်းကို ခံရသည်ထိ ဒုက္ခခံရ၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ချိုင်နှောင်ခြင်းကို မခံရ။
အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။
ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။
သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။
ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။