Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 6:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 တမန်တော်ရို့၏ စကားကို ယုံကြည်သူအားလုံးသည် နှစ်သက်ကြသဖြင့် သူရို့သည် ယုံကြည်ခြင်းနှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှ ယုဒဘာသာသို့ ပြောင်းလဲလာသော တစ်ပါးအမျိုးသားဖြစ်သူ နိကောလ ရို့ကို ရွီးချယ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 6:5
24 ပူးပေါင်းရင်းမြစ်များ  

“ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် လူတစ်ယောက်ကို ဘာသာသွင်းခြင်းငှာ ရီ မြီအနှံ့ လှည့်လည်ကြ၏၊ သင်ရို့သည် ဘာသာသွင်းပြီးသောအခါ၌လည်း သူရို့ကို မိမိရို့ထက် နှစ်ဆသောငရဲကို ခံစီကြ၏။


သတေဖန်ကို ကွပ်မျက်လိုက်ပြီးနောက် နှိပ်စက်ညှည်းပန်းခြင်း ဖြစ်ပေါ်လာသောကြောင့် ကွဲပြားလားကြသော ယုံကြည်သူများထဲက တချို့သည် ယုဒလူမျိုးတိကိုသာ သတင်းကောင်းတရား ဟောပြောလျက်၊ ဖိနိတ်ပြည်၊ ကုပရုကျွန်းနှင့် အန္တိအုတ်မြို့များသို့ ရောက်လားကြ၏။


သို့ရာတွင် ထိုယုံကြည်သူများထဲမှ တချို့သည် ကုပရုနှင့် ကုရေနေပြည်သားများ ဖြစ်ကြ၏။ ထိုသူရို့သည် အန္တိအုတ်မြို့သို့ လားပြီး အသျှင်ယေသျှု၏အကြောင်း သတင်းကောင်းကို ထိုသူရို့အား ပြောဆိုယင်း တခြားလူမျိုးတိကိုပါ ထိုသတင်းကောင်းတရားကို ကြေညာကြလေ၏။


ဤအကြောင်းနှင့်ပတ်၍ သတင်းစကားများသည် ယေရုဆလင်မြို့အသင်းတော်သို့ ရောက်လားသောအခါ သူရို့သည် ဗာနဗကို အန္တိအုတ်မြို့သို့ စီရွှတ်ကြ၏။


ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။


သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။


ထိုအချိန်တွင် ပရောဖက်တချို့သည် ယေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ရောက်လာကြ၏။


အန္တိအုတ်မြို့ အသင်းတော်၌ဟိကြသော တချို့သော ဆရာတိနှင့် ပရောဖက်များမှာ၊ ဗာနဗ၊ နိဂါဟု ခေါ်သော သျှုမောင်၊ ကုရေနေပြည်သား လုကိ၊ (ဟေရုဒ်မင်းနှင့်အတူ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်သော) မာနင်နှင့် သျှောလု ရို့ဖြစ်ကြ၏။


ထို့နောက် တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် အသင်းတော် တစ်ခုလုံးက မိမိရို့အထဲမှ လူတချို့ကို ရွီးချယ်၍ ပေါလုနှင့် ဗာနဗ ရို့နှင့်အတူ အန္တိအုတ်မြို့သို့ စီရွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုအခါ ယုံကြည်သူများ အလွန်ရိုသီလေးစားကြသော ဗာသျှဗ ခေါ် ယုဒနှင့် သိလကို ရွီးချယ်၍


ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။


နောက်တစ်နိ့၌ ငါရို့သည် ထိုမြို့မှ ထွက်ခွာလျှင် ကဲသရိမြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ဧဝံဂေလိဆရာ ဖိလိပ္ပု၏အိမ်၌ တည်းခိုကြ၏။ ထိုဖိလိပ္ပုမူကား၊ ယေရုဆလင် အသင်းတော်မှ ရွီးချယ်ထားသော ဆရာခုနစ်ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်၏။


ကိုယ်တော်၏ သက်သီခံဖြစ်သူ သတေဖန်ကိုလည်း အသီသတ်ခသောအခါ၊ အကျွန်ကိုယ်တိုင် ထိုအရပ်၌ ဟိပါ၏။ ထိုသူကို အသီသတ်သောလူရို့ကို ထောက်ခံပီးပြီး ထိုသူရို့၏ အဝတ်အစားများကို စောင့်ကြည့်နိန်ခပါ၏’ ဟု လျှောက်ဆို၏။


သို့ရာတွင် သတေဖန်သည် ဝိညာဉ်တော်ကပီးသည့် အသိပညာနှင့် ဟောပြောသဖြင့် ထိုသူရို့ မချေပနိုင်ကြပေ။


ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အထဲမှ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်း ပြည့်ဝပြီးလျှင် ဂုဏ်သရေဟိသော လူခုနစ်ယောက်ကို ရွီးချယ်ကြလော့။ ငါရို့သည် ထိုသူရို့ကို ဤတာဝန်အတွက် ခန့်ထားမည်။


သတေဖန်သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ကြွယ်ဝစွာ ခံစားရသောသူဖြစ်၍၊ တန်ခိုးတော်နှင့် ပြည့်ဝသူဖြစ်သောကြောင့် ကြီးမားသော အံ့ဩဖွယ်သောအမှုအရာများနှင့် နိမိတ်လက္ခဏာများကို လူတိကြားထဲ၌ ပြလေ၏။


ယဇ်ပုရောဟိတ်မင်းက သတေဖန်အား၊ “ဤစကား မှန်သလော” ဟု မိန်းသော်၊


ထိုနည်းတူစွာ သင်ရို့အထဲတွင်လည်း နိကောလ၏တပည့်တိ သင်ကြားပို့ချသည့် အယူဝါဒများကို လိုက်လျှောက်နိန်သူများ ဟိပေ၏။


သို့ရာတွင် နိကောလ၏တပည့်ရို့ကျင့်ကြံပုံကို ငါ မုန်းသကဲ့သို့ သင်သည်လည်း မုန်းသဖြင့် သင့်အား ချီးမွမ်းစရာဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ