Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 6:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 6:4
18 ပူးပေါင်းရင်းမြစ်များ  

ဇာခရိလည်း ဗိမာန်တော်ထဲ၌ အမှုပြီးဆုံးသောအချိန်တွင် အိမ်သို့ ပြန်လားလေ၏။


သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။


ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။


ငါသည် ဘုရားသခင်၏သားတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်၊ မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိန်သည်မှာ ဧကန် အမှန်ပင် ဖြစ်ကြောင်း ငါဆိုသည်မှာ ဘုရားသခင်သည် ငါ၏ သက်သီဖြစ်တော်မူ၏။ ငါသည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက်ဟိသည်ကို ဘုရားသခင် သိတော်မူ၏။


ငါသည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောသောအခါ ဂုဏ်ယူဝင့်ကြွားခွင့်မဟိ။ အကြောင်းမူကား ဘုရားသခင်သည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောရန် ငါ့အား တာဝန်ပီးထား၏။ ငါသည် မဟောဘဲနိန်လျှင် ဇာလောက် အမင်္ဂလာ ဟိလိမ့်မည်နည်း။


သင်ရို့အဖို့ ဆုတောင်းသောအခါတိုင်း၌ ဝမ်းမြောက်စွာဖြင့် ငါ ဆုတောင်းပါ၏။


ငါသည် သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့သားတိနှင့် ငါ့ကို မတွိ့ဖူးကြသော တခြားလူတိအတွက် လည်းကောင်း ဇာလောက်ထိ ကြိုးစားလုပ်ဆောင်ခသည်ကို သင်ရို့အား သိစီလို၏။


ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။


ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။


အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ