တမန်တော် 5:31 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား31 ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။ အခန်းကိုကြည့်ပါ။ |
ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။
သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊