Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 5:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 ပေတရုက “အာနနိ၊ သင်သည် စာတန်မာရ်နတ်ကို ဇာကြောင့် သင့်စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပီးပြီးလျှင် သန့်ယှင်းသောဝိညာဉ်တော်ကို လိမ်လည်ပြီး မြီကွက်ရောင်းရသော ငွီထဲက တချို့ကို ဇာကြောင့် ဖယ်ထားသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 5:3
25 ပူးပေါင်းရင်းမြစ်များ  

နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတစ်လျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။


ထိုအခါ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်ထဲသို့ ဝင်လေ၏။


ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။


ယုဒသည် ထိုမုန့်ကို ခံယူလိုက်သည်နှင့်တပြိုင်နက် စာတန်မာရ်နတ်သည် သူအထဲသို့ ဝင်လေ၏။ ယေသျှုကလည်း၊ “သင် ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။


သို့ရာတွင် အာနနိသည် မိမိမယားနှင့် သဘောတူညီချက်အရ ရောင်း၍ရသော ငွီထဲမှ တချို့ကို မိမိအဖို့ဖယ်ထားပြီးမှ ကျန်ငွီတိကို တမန်တော်ရို့အား ပီးအပ်လေ၏။


ထိုမြီကို မရောင်းခင် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးလျှင်လည်း မြီကွက်ရောင်းရငွီကို သင်ပိုင်သည် မဟုတ်လော။ ဇာဖြစ်လို့ ထိုအကြံစည်ကို ကြံစည်သနည်း။ သင်သည် လူကို လိမ်လည်ခြင်းမဟုတ်ဘဲ ဘုရားသခင်ကို လိမ်လည်ခြင်းဖြစ်သည်” ဟု ဆို၏။


ပေတရုကလည်း၊ “သင်ရို့သည်၊ သခင်ဘုရား၏ ဝိညာဉ်တော်ကို လိမ်လည်ရန် ဇာကြောင့် သဘောတူ ကြံစည်ကြသနည်း။ ကြည့်ပါ၊ သင်၏လင် အလောင်းကို သင်္ဂြိုဟ်ခသော လူတိ၏ခြီသည် တန်းခါးဝ၌ အဂုရောက်နီယာ။ သူရို့သည် သင့်ကိုလည်း ဆောင်ယူလားလိမ့်အုံးမည်” ဟု သူမအား ဆို၏။


ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ ထိုသို့ပြုလျှင် သူသည် သင်ရို့ပါးမှ ထွက်ဗြီးလားလိမ့်မည်။


သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ