25 ထိုအခါ လူတစ်ယောက်သည် ရောက်လာ၍ “နားထောင်ကတ်ပါ၊ အသျှင်ရို့ ထောင်ချထားသော လူရို့သည် ဗိမာန်တော်ထဲ၌ လူတိကို သွန်သင်နိန်ကြပါ၏” ဟု လျှောက်၏။
ငါ့ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်များ၏ရှိ့မှောက်၌ စစ်ဆီးမိန်းမြန်းရန်လည်းကောင်း၊ ထိုသူရို့နှင့်တကွ တခြားလူမျိုးတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာလည်းကောင်း သင်ရို့ကို ဖမ်းဆီးခေါ်ဆောင်လားကတ်လိမ့်မည်။
သို့ရာတွင် လူတချို့သည် ဖာရိယှဲရို့ပါးသို့လား၍ ယေသျှု ပြုတော်မူသည့်အကြောင်းကို ပြောပြကြ၏။
တစ်နိ့၌ ပေတရုနှင့် ယောဟန်ရို့သည် မွန်းလွဲ သုံးချက်တီး ဆုတောင်းသောအချိန်တွင် ဗိမာန်တော်သို့ လားကြ၏။
ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။
ထို့ကြောင့် ဗိမာန်တော်မှူးသည် မိမိအစောင့်စစ်သည်တိနှင့် လား၍ တမန်တော်တိကို ပြန်၍ခေါ်လာကြ၏။ သို့သော် မိမိရို့အား လူထုက ကျောက်ခဲနှင့် ပစ်မည်ကို ကြောက်သောကြောင့် တမန်တော်တိအား အနိုင်အထက်မပြုဘဲ ခေါ်လာကြ၏။