17 ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။
အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းတိနှင့် လူအကြီးအကဲရို့က မနာလိုစိတ်ဖြင့် ယေသျှုကို မိမိလက်သို့ လာရောက်အပ်နှံကြကြောင်းကို ပိလတ်မင်း သိထားပြီးဖြစ်၏။
ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် ဗတ္တိဇံခံရန် လာကြသည်ကို ယောဟန် မြင်လျှင် “မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ရောက်လတ္တံ့သော ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ဇာသူက ပြောသနည်း။
ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က လာဇရုကိုလည်း သတ်ရန် ကြံစည်ခြင်း ဖြစ်ကြ၏။
ဖာရိယှဲရို့ကလည်း “ငါရို့သည် အောင်မြင်ခြင်း မဟိသည်ကို မြင်သလော။ ကြည့်ကတ်၊ လောကကြီးတစ်ခုလုံးက သူ့နောက်သို့ လိုက်ပါလားကြပြီတကား” ဟု အချင်းချင်း ပြောဆိုကြ၏။
ယုဒလူမျိုးတိသည် ထိုလူစုလူဝေးကို မြင်သောအခါ မနာလိုစိတ်ဖြစ်ကြပြီးလျှင် ပေါလုပြောသမျှကို ဆန့်ကျင်လျက် ကဲ့ရဲ့ဆဲဆိုကြ၏။
သို့ရာတွင် ဖာရိယှဲအုပ်စုထဲက ယုံကြည်သူတချို့သည် ထလျက် “လူမျိုးခြားတိ အရီဖျားလှီးခြင်းကို ခံယူပြီးလျှင် မောသျှေ၏ ပညတ်တရားကို လိုက်နာကြရမည်” ဟု ဆိုကြ၏။
သို့ရာတွင် ယုဒလူမျိုးတချို့သည် မနာလို ဖြစ်ကြသဖြင့်၊ လမ်းကြိုလမ်းကြားမှ အသုံးမကျသော ဆိုးသောသူအချို့ကို စုစည်းကာ ရုန်းရင်းဆန်ခတ်ပြုကြရန် ဖန်တီးကြသည်ဖြစ်၍ တစ်မြို့လုံးသည် ရုတ်ရုတ်သဲသဲဖြစ်လျက်ဟိ၏။ သူရို့သည် ယာသုန်၏အိမ်ကို ဝင်၍ ပေါလုနှင့် သိလကို လူတိရှိ့သို့ ဆွဲထုတ်ရန် ရှာဖွီကာ တိုက်ခိုက်ကြ၏။
လောကီသျှင်ဘုရင်ရို့သည် အသင့်ပျင်ဆင်ပြီး အုပ်ချုပ်သူတိနှင့် စုဝေးကြကာ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယကို ဆန့်ကျင်ကြ၏’ ဟူ၍ ဖြစ်၏။
သူရို့သည် ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားနှင့် တခြားသော ယဇ်ပုရောဟိတ်မင်း၏ မိသားစုဝင်များ အစဟိသောသူအပေါင်းရို့နှင့် တွိ့ဆုံကြ၏။
ထို့ပြင် ယေရုဆလင် ပတ်ဝန်းကျင်မြို့ရွာများမှ လူထုပရိသတ်ရို့သည် ဖျားနာသူများ၊ ဝိညာဉ်ဆိုး ဝင်ပူးနိန်သူများကို ခေါ်ဆောင်လာကြ၍ သူရို့အားလုံးသည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
“ယာကုပ်၏သား ယောသပ်အား အစ်ကိုဖြစ်သောသူတိက မနာလိုသဖြင့် အဲဂုတ္တုပြည်၌ ကျွန်ခံစီခြင်းငှာ ရောင်းလိုက်ကြ၏။ သို့သော်လည်း ဘုရားသခင်သည် သူနှင့်အတူ ဟိတော်မူသည်ဖြစ်၍၊
ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်း စသည့်အရာများကို လုပ်ဆောင်လာကြ၏။ ထိုသို့သော အရာများကို ပြုမူသောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရလိမ့်မည်မဟုတ် ဟု အယင်က သင်ရို့အား ငါသတိပီးခသည်အတိုင်း အဂုလည်း ငါသတိပီးလိုက်၏။
ကျမ်းစာက “ကိုယ်တော်သည် ငါရို့အထဲ၌ တည်စီတော်မူသော ဝိညာဉ်အား အလွန်နှမြောတော်မူ၏” ဟု ဆိုထားခြင်းသည် အကြောင်းမဲ့ ဆိုထားသည်ဟု သင်ရို့ ထင်မှတ်ကြသလော။
ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။