16 ထို့ပြင် ယေရုဆလင် ပတ်ဝန်းကျင်မြို့ရွာများမှ လူထုပရိသတ်ရို့သည် ဖျားနာသူများ၊ ဝိညာဉ်ဆိုး ဝင်ပူးနိန်သူများကို ခေါ်ဆောင်လာကြ၍ သူရို့အားလုံးသည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
ဟေရုဒ်သည် နက္ခတ်ပညာဟိရို့က မိမိအား လှည့်ဖျားလားခသည်ကို သိသောအခါ အလွန်ဒေါသဖြစ်လေ၏။ သို့ဖြစ်၍ သူသည် နက္ခတ်ပညာဟိရို့ပါးမှာ မိန်းမြန်းလေ့လာထားသော အချိန်ကာလအရ ဗက်လင်မြို့နှင့် အနီးတဝိုက်၌ ဟိကြသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက် ယောက်ျားသူငယ်တိအားလုံးကို သတ်ရန် အမိန့်ထုတ်လေ၏။
ယေသျှု၏သတင်းတော်သည် ယှုရိပြည် တစ်ဝှမ်းလုံးသို့ ပြန့်နှံ့လား၏။ လူတိက သွက်ရှာပါဒရောဂါသည်၊ ဝက်ရူးပြန်ရောဂါသည်၊ နတ်ဆိုးဝင်ပူးနိန်သည့်သူများနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်သူများကို ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြ၏။ ယေသျှုသည် ထိုသူအားလုံး၏ အနာရောဂါတိကို ပျောက်ကင်းစီတော်မူ၏။
ညအချိန်ရောက်သောခါ၌ နတ်ဆိုးပူးနိန်သောသူတိကို ယေသျှုပါးသို့ ခေါ်ယူလာကြ၏။ ယေသျှုသည် နတ်ဆိုးတိကို စကားတစ်ခွန်းတည်းဖြင့် အမိန့်ပီး မောင်းထုတ်လိုက်သည်နှင့် ထိုသူအားလုံး ကျန်းမာကြလေ၏။
တစ်နိ့၌ ယေသျှုသည် ဟောပြောသွန်သင်တော်မူစဉ် ဖာရိယှဲတိနှင့် ကျမ်းတတ်ဆရာတချို့သည် ထိုင်နိန်ကြ၏။ သူရို့သည် ယုဒပြည်နှင့် ဂါလိလဲပြည် မြို့ရွာအသီးသီးမှလည်းကောင်း၊ ယေရုဆလင်မြို့မှလည်းကောင်း လာရောက်ကြသောသူများ ဖြစ်ကြ၏။ ရောဂါများကို ပျောက်ကင်းစီရန် ထာဝရဘုရား၏ တန်ခိုးတော်သည် ယေသျှု၌ဟိ၏။
ထိုသူရို့သည် ကိုယ်တော်၏ တရားတော်ကို နာကြားရန်နှင့် မိမိရို့၏ အနာရောဂါများ ပျောက်ကင်းစီရန် လာရောက်ကြခြင်း ဖြစ်၏။ နတ်ဆိုး၏ နှိပ်စက်မှုကို ခံရသောသူတိလည်း အနာပျောက်ကင်းခြင်းကို ခံရကြ၏။
လူထုပရိသတ်ရို့သည် ကိုယ်တော် ကြွလားကြောင်းကို ကြားကြသောအခါ နောက်တော်သို့ လိုက်ကြ၏။ ကိုယ်တော်သည် သူရို့ကို လက်ခံကြိုဆိုလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောပြီးလျှင် မကျန်းမာသောသူတိကိုလည်း ကျန်းမာစီတော်မူ၏။
ငါအမှန် ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုကို ပြုလိမ့်မည်။ ထိုမျှမက ထိုအမှုတိထက် ကြီးမြတ်သောအမှုတိကိုပင် ပြုလိမ့်မည်။ ဇာကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ လားရမည်။
အနာရောဂါပျောက်ကင်းစီရန် ကိုယ်တော်၏လက်တော်ကို ဆန့်တော်မူပြီးလျှင် ကိုယ်တော်သျှင်၏ သန့်ယှင်းသောအခိုင်းအစီ ယေသျှု၏ နာမတော်မြတ်အားဖြင့် နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်သောအရာများကို ပြုခွင့်ပီးတော်မူပါ” ဟု ဆုတောင်းကြလေ၏။
တမန်တော်များသည် ထိုသို့ လုပ်ဆောင်မှု၏ အကျိုးရလဒ်ကြောင့် လူရို့သည် နာမကျန်းသောသူများကို လမ်းမထက်သို့ ယူဆောင်လာကြပြီး အိပ်ရာများ၊ ကုတင်များနှင့် ထားကြကာ ပေတရု ဖြတ်လားသောအခါ သူ၏အရိပ်ကိုပင် နာမကျန်းသောသူတချို့၌ ကျရောက်စီရန် ကြိုးစားကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။
ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းပါရမီကို လည်းကောင်း၊ တစ်ယောက်သောသူအား အနာရောဂါ ပျောက်ကင်းစီနိုင်သော တန်ခိုးများကို လည်းကောင်း ပီးတော်မူ၏။
သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။