Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 5:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ထိုအဖြစ်ပျက်ကို အသင်းတော်တစ်ခုလုံးနှင့် ကြားရသော အခြားသောသူအပေါင်းရို့သည် အလွန် ကြောက်လန့်ကြကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 5:11
14 ပူးပေါင်းရင်းမြစ်များ  

ထိုအကြောင်းအရာများကို ဧဖက်မြို့၌ ဟိကြသော ယုဒလူရို့နှင့် ဟေလသ လူရို့သည် ကြားကြလျှင် သူရို့သည် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၍ အသျှင်ယေသျှု၏ နာမတော်ကို အလွန် ချီးမွမ်းကြကုန်၏။


တမန်တော်ရို့သည် များစွာသော အံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူတိုင်းက အလွန်ကြောက်လန့်ကြကုန်၏။


အာနနိသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် လဲကျ သီဆုံးလေ၏။ ထိုအဖြစ်အပျက်ကို ကြားရသောသူအပေါင်းရို့သည် အလွန်ကြောက်လန့်ကြ၏။


ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။


သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။


နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။


ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။


ထို့ကြောင့် ငါရို့သည် မတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို ရထားကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြောက်ရွံ့ရိုသီသောစိတ်ဖြင့် ဘုရားသခင် နှစ်သက်တော်မူသောဝတ်ပြုခြင်းကို ဆောင်ရွက်ကြကုန်အံ့။


ယခုတွင် ကိုယ်တော်၏ကတိတော်နှင့် ဆိုင်သော ငြိမ်ဝပ်ချမ်းသာခြင်းသည် ငါရို့တွင် တည်လျက်ဟိ၏။ ထို့ကြောင့် သင်ရို့တစ်ဦးတစ်ယောက်မျှ ထိုချမ်းသာခြင်းထဲသို့ မဝင်လိုက်ရဘဲ မနိန်ကြစီခြင်းငှာ ဂရုစိုက်ကြလော့။


လူအပေါင်းရို့အား မျက်နှာမလိုက်ဘဲ မိမိရို့၏ ပြုကျင့်အတိုင်း တရားစီရင်တော်မူတတ်သော ဘုရားသခင်ထံသို့ ဆုတောင်းကြသောအခါ သင်ရို့သည် ကိုယ်တော်အား အဖဟု ခေါ်လျက် ဆုတောင်းကြ၏။ သို့ဖြစ်၍ ဤလောကတွင် အသက်ရှင်သမျှကာလပတ်လုံး ထိုဘုရားသခင်အား ကြောက်ရွံ့ရိုသီကြလော့။


အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ