34 ထိုသူရို့အထဲတွင် ဆင်းရဲသောသူ တစ်ယောက်မျှမဟိ။ အကြောင်းမူကား မြီကွက် သို့မဟုတ် အိမ်ကို ပိုင်ဆိုင်ကြသူရို့သည် မိမိရို့ပိုင်ဆိုင်ကြသော ပစ္စည်းများကိုရောင်းချ၍ ရသည့်ငွီများကို ယူလာကာ၊
ထိုအခါ ယေသျှုက “သင်သည် ပြည့်စုံသောသူတစ်ယောက်ဖြစ်ချင်လျှင် သခင်၏ဥစ္စာဟိသမျှကို ရောင်းချပြီး၊ ဆင်းရဲသားတိကို ပီးလိုက်ပါ။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ပြီးမှ ပြန်လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ယေသျှုသည် ထိုသူကို စိစိကြည့်ကာ ချစ်သောစိတ် ဟိသည်ဖြစ်၍ “သင့်၌ တစ်ခု လိုသိမ့်၏။ လားပြီးလျှင်၊ သင်၏ဥစ္စာတိကို ရောင်းချ၍ ဆင်းရဲသောလူရို့ကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ယင်းပြီးမှသာ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
သင်ရို့၌ ဟိသည့် အရာအားလုံးကို ရောင်း၍ ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ မဆွီးနိုင်သော ဖဲသာအိတ်တိကို ဆောင်ကြလော့။ သူခိုး မကပ်၊ ပိုးရွလည်း မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သော ဘဏ္ဍာကို ဆည်းပူးကြလော။
“တဖန် ငါဆိုသည်ကား၊ လောကီစည်းစိမ်ချမ်းသာအားဖြင့် အဆွီခင်ပွန်းရအောင် ပြုကြလော့။ သို့ပြုလျှင် စည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်ရို့ကို ထာဝရအိမ်တော်၌ ကြိုဆိုလက်ခံလိမ့်မည်။
ထို့နောက် ယေသျှုက “ငါသည် သင်ရို့အား ဖဲသာအိတ်၊ လွယ်အိတ်နှင့် ဖိနပ်ကိုမယူဘဲ စီရွှတ်ခသောအခါ တခုခုလိုသိမ့်လား” ဟု မိန်းလျှင်၊ “တစ်ခုလေ့ မလိုပါ” ဟု တပည့်တော်ရို့က လျှောက်ကြ၏။
သူရို့သည် မိမိဥစ္စာများနှင့် ပိုင်ဆိုင်မှုများကိုရောင်းချ၍ ရဟိသောငွီများကို တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း ဝီမျှကြ၏။
မိမိပိုင်သောမြီကွက်ကို ရောင်း၍ ရလာသောငွီကို ယူလာပြီးလျှင် တမန်တော်ရို့အား ပီးအပ်လေ၏။
အဂုအချိန်၌ သင်ရို့၏ ကြွယ်ဝမှုသည် သူရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးသကဲ့သို့ နောင်တစ်ချိန်၌ သူရို့၏ ကြွယ်ဝမှုသည် သင်ရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးလိမ့်မည်။ သို့ဖြစ်၍ ညီတူညီမျှ ဖြစ်စီရန် ဖြစ်၏။
ဤနည်းအားဖြင့် သင်ရို့သည် မယုံကြည်သောသူရို့၏ ကြည်ညိုခြင်းကို ခံရကြပြီးလျှင် သင်ရို့၏ လိုအပ်ချက်အတွက် ဇာသူ့ကိုမျှ မှီခိုလိမ့်မည်မဟုတ်။
ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။
ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။