19 သို့ရာတွင် ပေတရုနှင့် ယောဟန်ရို့က “ဘုရားသခင်၏ စကားတော်ထက် သင်ရို့၏ စကားကို နားခံခြင်းသည် ဘုရားသခင်၏ ရှိ့တော်မှောက်၌ မှန်သလော ဆိုသည်ကို သင်ရို့ကိုယ်တိုင် စီရင်ပီးကြလော။
သူရို့က “ဧကရာဇ်မင်းကြီး၏ မျက်နှာပုံနှင့် နာမည်ပါ၏” ဟု လျှောက်ကြ၏။ ထို့ကြောင့် ယေသျှုက “ကောင်းယာ၊ ဧကရာဇ်မင်းကြီးပိုင်သောအရာကို ဧကရာဇ်မင်းကြီးအား ပီးကြ။ ဘုရားသခင်ပိုင်သောအရာကို ဘုရားသခင်အား ပီးကြ” ဟူ၍ မိန့်တော်မူလိုက်၏။
ယေသျှုက ပေတရုနှင့် ယောဟန်ရို့အား “ငါရို့စားရန် ပသခါပွဲညစာကို လားပြီး ပျင်ဆင်ကြလော” ဟု ဆို၍ စီရွှတ်တော်မူ၏။
အပြင်ပန်းသဏ္ဍာန်ကိုသာ ကြည့်၍ အပြစ်စီရင်ခြင်း မပြုကတ်ကေ့။ မှန်ကန်သော တရားဖြင့်သာ အပြစ်စီရင်ကြလော့” ဟု မိန့်တော်မူ၏။
ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။
ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
ပေတရုနှင့် အခြားသောတမန်တော်ရို့က “ငါရို့သည် လူ၏အမိန့်ထက် ဘုရားသခင်၏အမိန့်ကို နားထောင်ရမည်။
ငါသည် သင်ရို့အား အသိအလိမ္မာ ဟိသောသူရို့ကဲ့သို့ ပြောနိန်ခြင်းဖြစ်၏။ ငါစကားကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ကြလော့။
ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။
သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘများ၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။
ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။
မောသျှေ၏မိဖရို့သည် မောသျှေကို ဖွားမြင်ပြီးနောက် အဆင်းလှသည်ကို သိမြင်၍ သျှင်ဘုရင်၏အမိန့်တော်ကိုပင် မကြောက်ဘဲ မိမိရို့၏သားကို သုံးလတာ ကာလပတ်လုံး ဝှက်ထားခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
သင်ရို့သည် အချင်းချင်း လူတန်းစား ခွဲခြားကာ ဆိုးညစ်သော အကြံအစည်ဖြင့် တရားစီရင်သောသူတိ ဖြစ်ကြသည် မဟုတ်လော။