18 ထို့နောက် သူရို့သည် တမန်တော်တိအား ပြန်၍ ခေါ်သွင်းပြီး ယေသျှုနာမတော်ကို အမှီပြု၍ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် ပညတ်ထားကြ၏။
သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။
“သင်ရို့၊ ဗိမာန်တော်သို့ လားပြီးလျှင် လူအပေါင်းရို့အား အသစ်သော အသက်ရှင်ခြင်း အကြောင်းကို ဟောပြောကြလော့” ဟု ဆို၏။
ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
ထို့နောက် သူရို့သည် တမန်တော်ရို့ကို ခေါ်သွင်း၍ ကြိမ်ဒဏ်ပီးပြီးလျှင် ယေသျှုနာမ၌ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် အမိန့်ပီးကာ ပြန်ရွှတ်လိုက်ကြ၏။